အသားဖြူဖြူလေးနဲ့ သန့်သန့်ပြန့်ပြန့်ပုံစံလေး နေထိုင်တာကြောင့် နှုတ်ခမ်းနီမလေးတွေ ကြိတ်ကြွေနေရသူလေးကတော့ သရုပ်ဆောင် မောင်ပဲ ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ယောက်ဖဖြစ်သူနဲ့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ချစ်သူလေးနဲ့ သာယာကြည်နူးစရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မောင်ရဲ့ ချစ်သူလေးကလည်း အနုပညာအသိုင်းဝိုင်းထဲကပဲဖြစ်ပြီး ပရိသတ်တွေက သဘောတူနေကြတာပါ။



သူတို့ချစ်သူနှစ်ဦးဟာ နှစ်တွေအတော်ကြာတဲ့အထိ တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိရှိနဲ့ လက်တွဲခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ပရိသတ်တွေဗဟုသုတရရှိစေမယ့် Vlog Video လေးတွေကိုလည်း အချိန်ရရင် ရသလို တင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Tik Tok ဗီဒီယိုလေးတွေလည်း တစ်ခါတစ်လေ ဆော့ကစားကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သူတို့နှစ်ယောက်ရဲ့ Tik Tok အကောင့်လေးမှာဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ မိုက်ကိုင်ပြီးသီချင်းတွေအားရပါးရသီဆိုဟစ်ကြွေးနေတဲ့ချစ်သူကိုအံ့ဩထူးဆန်းတဲ့ပုံစံနဲ့ ကြည့်နေတဲ့မောင်ရဲ့ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ မောင်ကလည်း " ဌက်ကလေး(ကျီးကျန်း) တွန်ကျုး ၊ ကယ်ကြပါဦးဗျာ " ဆိုပြီးလည်း စနောက်ထားသေးတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားလို့ရနိုင်ရန် အတွက် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Sein Phyo&Yi’s Facebook Page and Tik Tok Account