ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဝါဝါအောင်ကတော့ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သူမကတော့ ဗီဒီယိုဇာတ်ကားတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရယူထားနိုင်ခဲ့ပြီး ယနေ့အချိန်ထိအနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို ခင်ပွန်းသည်ဦးအောင်ခိုင်နဲ့အတူ တည်ဆောက်ထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကို စိတ်တူကိုယ်တူနဲ့လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမတို့ဇနီးမောင်နှံကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပါတယ်။


ဝါဝါအောင်နဲ့ဇာတ်ပို့သရုပ်ဆောင်များဟာ ယခုမှာတော့ ဆန်ဆိုင်လေးဖွင့်ထားတဲ့ ကြူကြူသင်းအတွက်ဝမ်းသာဂုဏ်ယူရင်း ဆိုင်ဖွင့်ပွဲကိုတက်ညီလက်ညီနဲ့ရောက်လာခဲ့ပါတယ်။ ဝါဝါအောင်ကတော့ " မကြူကြူသင်းရဲ့ဆိုင်ဖွင့်ပွဲကိုသွားခဲ့ကြတာပါအများကြီရောင်းကောင်းပါစေရှင် " ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဝါဝါအောင်ရဲ့ ပြည်သူချစ်အနုပညာရှင်တွေနဲ့အတူ ဆိုင်ဖွင့်ပွဲလေးကို တက်ရောက်လာတဲ့ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Wah Wah Aung ' s Facebook Acc

