ပရိသတ်ကြီးရေ ချစ်စရာကောင်းပြီးအသည်းယားစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tunကိုသိကြတယ်မလား။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာလည်း သက်ဆိုင်ရာ အနုပညာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အာဘွိုင်းက romanticဆန်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းပီသမှုကြောင့် ပရိသတ်တွေအားကျနေရတဲ့သူဆိုလည်းမှားမယ်မထင်ပါဘူးနော်။

နွေးထွေးပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ မြတ်ရတနာကျော်နဲ့ အာဘွိုင်းတို့ စုံတွဲလေးက လူမှုကွန်ယက် စာမျက်နှာထက်မှာ လှုပ်ရှားမှုလေးတွေကို ဝေမျှလေ့ရှိတာလည်း တွေ့ရပါတယ်။ ယနေ့မှာဆိုရင်လည်း မြတ်ရတနာကျော်က နှုတ်ခမ်းလေးဆူကာ စိတ်ကောက်နေတဲ့ သမီးလေးကို ဓာတ်ပုံလေးရိုက်ပေးကာ အချစ်ပိုနေတာဖြစ်ပြီး ပုံလေးတွေကို တင်ပေးလာတာပါ။

အသည်းယားစရာကောင်းတဲ့ Scarlett လေးရဲ့ ပုံလေးတွေအပြင် " စိတ်ကောက်နိုင်စိန်
တစ်နေ့တစ်နေ့ သူ့အဖေနဲ့သူပဲ စိတ်ကောက်နေတယ် ၊ စိတ်ကောက်နေပေမယ့်လည်း မာမီက photo shooting အတင်းဆင်းခိုင်းသောအခါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Scarlett လေးရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်......။


သတင်း အရင်းအမြစ်៖ Source - Scarlett Phyo Tun's Facebook Account