မင်းသမီးချောလေး မိုးဟေကိုကတော့ ရုပ်ရည်လေးက ချောမောလှပရုံသာမက စိတ်သဘောထားလေးကပါ နူးညံ့ဖြူစင်နေတာလည်း ဖြစ်ပါတယ် ။ မိုးဟေကိုက မိန်းကလေးပီသစွာနဲ့ အနေထိုင်သိမ်မွေ့သလို အမြဲတမ်း အေးအေးဆေးဆေး နေတတ်တာလည်း ဖြစ်ပါတယ် ။ မိုးဟေကိုက အနုပညာလောကမှာ အောင်မြင်နေတဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး အခုချိန်အထိ ဇာတ်ကားတွေရိုက်ကူးနေသလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ် ။


ဒါ့အပြင် မိုးဟေကိုက သူများတွေနဲ့မတူအောင် ခမ်းနားလွန်းတဲ့ဖက်ရှင်တွေကို နေရာဒေသနဲ့ကိုက်ညီအောင် ရွေးချယ်ဝတ်ဆင်တတ်သူလေးပဲ ဖြစ်ပါတယ် ။ မိုးဟေကိုက နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ မင်းသက်စံနဲ့ဆိုရင်လည်း တကယ့်မောင်နှမတွေလို ရင်းနှီးနေတာ ဖြစ်ပါတယ် ။ ဒီဇိုင်နာမင်းသက်စံကလည်း မိုးအတွက် ပွဲတက်ဖက်ရှင် ဆန်းဆန်းပြားပြားလေးတွေကို အမြဲတမ်းဖန်တီးပေးတတ်သူ ဖြစ်ပါတယ် ။ မိုးက အခုလည်း ဒီဇိုင်နာမင်းသက်စံကို တန်ဖိုးကြီးပစ္စည်းလေးတစ်ခု လက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ် ။



မိုးက ဒီဇိုင်နာမင်းသက်စံအတွက် စိန်တွေစီကာအလှဆင်ထားတဲ့ ရွှေနားကပ်လှလှလေးကို လက်ဆောင်အဖြစ် ပေးလိုက်တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် မင်းသက်စံက "စိန်လေးတွေနဲ့ စီထားတဲ့ M logo နားကပ်လေး လက်ဆောင်ပေးတဲ့အတွက် ကျေးဇူးပါမိုးရေ ဒီနှစ်ရတနာတွေ အများကြီး ဝင်တော့မယ်" ဆိုပြီး မိုးကိုကျေးဇူးတင်စကားဆိုရင်း ပုံလေးတွေကိုတင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုနဲ့ ဒီဇိုင်နာမင်းသက်စံတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Min Thet Saen's FB Acc


