အဆိုတော် ဖြိုးမြတ်အောင်ကတော့ "Myanmar Idol Season 3" သီချင်းဆိုပြိုင်ပွဲကြီးမှာ Winner ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ အဆိုတော်အဖြစ် ပါရမီပါလာတဲ့ ဖြိုးမြတ်အောင်က ချက်ချင်းဆိုသလို တစ်ဟုန်ထိုးအောင်မြင်ပြီး လူသိများရေပန်းစားခဲ့တာ ဖြစ်ပါတယ် ။ အရည်အချင်းအပြည့်ရှိတဲ့ ဖြိုးမြတ်အောင်က နောက်ပိုင်းမှာတော့ သီချင်းတွေထွက်ရှိခဲ့သလို ကြော်ငြာတွေလည်း ဆက်တိုက်ဆိုသလို လက်ခံရိုက်ကူးခဲ့ရသေးတာ ဖြစ်ပါတယ် ။


အခုလတ်တလောမှာလည်း ဖြိုးမြတ်အောင်က နာမည်ကြီးအနုပညာရှင်တွေနဲ့ အလုပ်တွေအတူတူလုပ်ကိုင်နေရသလို Live Sale တွေ ရောင်းချနေရတာလည်း ဖြစ်ပါတယ် ။ စိတ်ထားကောင်းပြီး ဖော်ရွေတဲ့ဖြိုးမြတ်အောင်က လူချစ်လူခင်ပေါများသလို အနုပညာမောင်နှမတွေနဲ့လည်း ရင်းနှီးနေတာ ဖြစ်ပါတယ် ။ အခုတော့ ဖြိုးမြတ်အောင်တစ်ယောက် Model မလေး စနိုးကြည်ဖြူရဲ့ဆေးထိုးစနောက်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ် ။



အကယ်ဒမီရွှေကြိုရွေးချယ်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း နာမည်ကြီးလူသိများလာခဲ့တဲ့ စနိုးကြည်ဖြူက ဖြိုးမြတ်အောင်နဲ့ ခင်မင်ရင်းနှီးနေတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် စနိုးကြည်ဖြူက သူမတို့နှစ်ယောက် အပြန်အလှန်ပြောထားတဲ့စကားတွေကို သီချင်းလေးနဲ့အတူမျှဝေပေးရင်း ဖြိုးမြတ်အောင်ကို ဆေးအကြီးကြီးထိုးလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ဖြိုးမြတ်အောင်ရဲ့ဆေးပုံတွေကိုချပြလိုက်တဲ့ စနိုးကြည်ဖြူရဲ့Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Snow Kyi Phyi's Tik Tok Acc


@snowkyiphyu1 @phyomyataung33 ကိုဖြိုးအားမျက်နှာပြောင်ခြင်းအနုပညာ?
♬ Jenny - Studio Killers