မင်းသမီးချောလေး နေခြည်ဦးကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း ကြီးမားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပြီး နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင် နေခြည်ဦးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာတောင် ပိုမိုပါဝင်သရုပ်ဆောင်လာနေတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် သူမက အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့အပြင် Beauty Blogger အဖြစ်ပါ တစ်ပါးတည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။


နေခြည်ဦးက ဝတ်စားဆင်ယဥ်မှုမှာလည်း အခြားသူတွေနဲ့ မတူပဲ ဆန်းသစ်တဲ့ဖက်ရှင်တွေကို ဝတ်ဆင်တတ်ကာ လိုက်ဖက်ပြီးချစ်စရာကောင်းတာကြောင့် ပျိုမေလေးတွေရဲ့ မျက်စိကျနေရသူပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုရင်လည်း အပျင်းအပြေ tik tok လေးတွေ ဆော့ကစားပြီး ပရိသတ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ် ။ ယခုမှာတော့ နေခြည်ဦးက ကြည့်မိသူတိုင်း ချစ်အားပိုစေမယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။


ဒီဗီဒီယိုလေးထဲမှာတော့ နေခြည်ဦးက ခေတ်စားနေတဲ့ tik tok လေးကို ကိုယ်ဟန်အမူအရာလေးနဲ့ အသည်းယားစရာကောင်းအောင် ဆော့ကစားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နေခြည်ဦးရဲ့ tik tok လေးကိုကြည့်ပြီး ချစ်အားပိုမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ယခုတစ်ခါတော့ နေခြည်ဦးရဲ့ ပရိသတ်တွေအတွက် အသည်းယားစရာ tik tok လေးကို ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Video Credit & Source - Nay Chi Oo fb account





