မင်းသမီးချောလေး ဖူးပွင့်သခင် က အနုပညာနယ်ပယ်မှာ ပရိသတ်ရဲ့ ချစ်ခင်မှုတွေအပြင် အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဖူးပွင့်သခင်က ဗီဒီယိုဇာတ်ကားများစွာ ပါဝင်သရုပ်ဆောင်ထားကာ နောက်ပိုင်းမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးအပြင် တမူထူးခြားတဲ့ အပြုံးချိုချိုလေးတွေ နဲ့ ယောကျာ်းပရိသတ်တွေရဲ့ အသည်းတွေကို ခြွေချထားသူလေးပဲ ဖြစ်ပါတယ်။


လတ်တလော Stay Home ကာလလေးမှာလည်း အပျင်းအပြေ tik tok လေးတွေနဲ့ အသည်းယားစရာပုံလေးတွေကို ဖော်ပြပေးပါတယ်။ သူမရဲ့ tik tok လေးတွေကလည်း တမူထူးခြားကာ ရေပန်းစား လူကြည့်များနေတာကို တွေ့ရပါတယ်။ ယခုမှာလည်း ဖူးပွင့်သခင်က မြင်သူတိုင်းငေးမောသွားရလောက်မယ့် အလန်းစား tik tok လေးကို ဆော့ကစားပြီး ဖော်ပြပေးခဲ့ပါတယ်။


ဒီဗီဒီယိုလေးတွေထဲမှာတော့ ဖူးပွင့်သခင် က အိမ်မှာနေရင်း လွတ်လပ်ပေါ့ပါတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ပြီး နာမည်ကြီး သီချင်းလေးကို ကိုယ်ပိုင်ဟန်လေးနဲ့ ချစ်စရာကောင်းလောက်အောင် ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမ ဝတ်ဆင်ထားတဲ့ အနီရောင်ကိုယ်ကျပ်ဖက်ရှင်လေးကလည်း ပင်ကိုယ်အလှတရားတွေနဲ့ လိုက်ဖက်နေတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းအောင် ဆော့ကစားထားတဲ့ ဖူးပွင့်သခင် ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Video Credit & Source - Phoo Pwint Tha Khin fb page