ပြည်သူပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့ အသက်ငယ်ငယ်နဲ့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေးကတော့ ရွှေမှုံရတီပါပဲ ။အချေမင်းသမီးလို့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ရွှေမှုံလေးကတော့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ သွက်လက်ချက်ချာမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုအားပေးနေကြရတာ ဖြစ်ပါတယ်။


တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး ရွှေလက်တွဲလက်ထပ်ထားကြတဲ့ ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲကတော့ ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေတို့စုံတွဲကတော့ ရိုဆန်မှုလေးတွေနဲ့ ပရိသတ်တွေအားကျရလောက်အောင် တစ်ယောက်ကို တစ်ယောက်အချစ်တွေပိုနေကြတဲ့ စုံတွဲလေးလည်းဖြစ်ပါတယ်။အတိုက်ခိုက်တွေ အခက်ခဲတွေကြားက သူတို့နှစ်ယောက်ရဲ့ အချစ်စစ်ကို သက်သေပြခဲ့ကြတာလည်းဖြစ်ပါတယ်။


ပရိသတ်တွေကတော့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံကို ရွှေနှစ်ရွှေစုံတွဲလို့ ချစ်နိုးနဲ့ ခေါ်ဝေါ်နေကြပါတယ်။ ရွှေထူးတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် ရိုမန့်တစ်ဆန်ဆန်လေးတွေ အမြဲပြုလုပ်ပေးပြီး ပျော်ရွှင်မှု နာလည်းမှု အပြည့်နဲ့ အချစ်တွေခိုင်မြဲနေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ပရိသတ်တွေလုံးဝမမြင်ဘူးသေးတဲ့ မင်္ဂလာဆောင်ခဲ့စဉ်က ရိုမန့်တစ်အဆန်ဆုံးပုံလေးတွေများစွာကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ အရမ်းရိုပြီး အားကျစရာကောင်းလွန်းအောင် လိုက်ဖက်ပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။


Source & Photo Credit : Shwe Mhone Yati Facebook Account






 Bong I.T
 Bong I.T