မြမိုးဂင်္ဂါလေးရှိလို့ ကျေနပ်နေတဲ့ဖေဖေနဲ့မေမေတို့က အရင်လိုမငိုကြတော့လို့ ငယ်ဘဝအကြောင်းကိုပြောပြလာတဲ့ ဘုဏ်းသိုက်

//s9.kh1.co/bb/bb342681640819eb88c376bee029eece0161baa6.jpg
အနုပညာရှင်များ

 ၁၁-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၅ နှစ် က

မြမိုးဂင်္ဂါလေးရှိလို့ ကျေနပ်နေတဲ့ဖေဖေနဲ့မေမေတို့က အရင်လိုမငိုကြတော့လို့ ငယ်ဘဝအကြောင်းကိုပြောပြလာတဲ့ ဘုဏ်းသိုက်

ပရိသတ်ကြီးရေ သရုပ်ဆောင်၊အဆိုတော်ဘုဏ်းသိုက်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်း သမီးလေးမြမိုးဂင်္ဂါကိုလည်း စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ဘုဏ်းသိုက်က အားတဲ့အချိန်တိုင်းမှာ သမီးလေးနဲ့အတူဆော့ကစားပေးပြီး ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးပေးတာဖြစ်ပါတယ်နော်။မြမိုးဂင်္ဂါလေးကလည်း အသက်သာငယ်ပေမယ့် အရာအားလုံးကို သိတတ်နားလည်‌လို့ ဖေဖေ့ကိုလည်း အရမ်းချစ်တဲ့သမီးလေးဖြစ်ပါတယ်။

Photo Credit:Hpone Thaik's Facebook Account

ဘုဏ်းသိုက်က သမီးလေးရဲ့အနာဂတ်လှပဖို့အတွက် အလုပ်တွေလည်းကြိုးစားလုပ်ဆောင်နေပြီး မြမိုးဂင်္ဂါလေးကို လိုလေသေးမရှိအောင် ထားပေးနေတာဖြစ်ပါတယ်။ဘုဏ်းသိုက်နဲ့မြမိုးဂင်္ဂါ‌လေးတို့က Photo Shootingတွေလည်း အတူတူရိုက်ကူးထားကြပြီး အပြန်အလှန်ဖေးမကူညီကြတဲ့သားအဖနှစ်ယောက်ဖြစ်ပါတယ်နော်။မြမိုးဂင်္ဂါလေးက သူမကိုအရမ်းချစ်ပြီး ဂရုစိုက်ပေးတဲ့ဖေဖေ့ကိုလည်း စိတ်ချမ်းသာအောင်ထားပေးလို့ အရမ်းလိမ္မာတဲ့ကလေးလေးဖြစ်ပါတယ်။ 

Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account

အခုဆိုရင်တော့ ဘုဏ်းသိုက်က သူ့ရဲ့ငယ်ဘဝအကြောင်းကို ပြန်လည်တွေးမိတုန်းမှာ လူမှုကွန်ယက်စာမျက်နှာပေါ် ရေးသားလိုက်တာဖြစ်ပါတယ်။ငယ်ငယ်တုန်းက စာမေးပွဲခန်းထဲမှာ အရုပ်လေးပဲထိုင်ထိုးနေလို့ သူငယ်တန်းစာမေးပွဲကျခဲ့တဲ့အ‌ကြောင်းတွေ၊မိဘမေတ္တာတွေနဲ့ အခုချိန်မှာဆိုရင်လည်းဖေဖေနဲ့မေမေတို့က သူ့အပေါ်ထားတဲ့‌ စေတနာတွေကိုပြောပြလာခဲ့တာဖြစ်ပါတယ်။ဘုဏ်းသိုက်ကတော့ သူ့ရဲ့ငယ်ဘဝအကြောင်းတွေကို ပုံပြင်လေးတစ်ပုဒ်လိုရေးဖွဲ့ပြီး ချစ်ပရိသတ်တွေအတွက် မျှဝေခဲ့တာဖြစ်ပါတယ်နော်။ 

Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account
Photo Credit:Hpone Thaik's Facebook Account

Source&Photo Credit:Hpone Thaik's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T