ပရိသတ်ကြီးရေ...... မင်းသမီးချောလေး ခေးဆက်သွင်ကတော့ MRTV- 4 ရုပ်သံဇာတ်လမ်းတွဲ တွေကနေတစ်ဆင့် ချစ်စရာအပြုအမူလေးတွေကြောင့် အချိန်အတိုတွင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိခဲ့တာပဲဖြစ်ပါတယ်နော်.....။ ခေးဆက်သွင်ဟာ တစ်နေ့တစ်ခြားပိုပိုလှနေတဲ့ မင်းသမီးလေးဖြစ်ပြီး ဇာတ်ရုပ်လည်းပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေရတဲ့ သူလေးဖြစ်ပါတယ်။


သူမဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးလည်း အမြဲလိုလိုဂရုတစိုက်နဲ့ ထိန်းသိမ်းတာကြောင့် သူမရဲ့ဘော်ဒီလေးက ချပ်ချပ်ရပ်ရပ်လေးနဲ့လှနေတာပါနော်....။ ခေးဆက်သွင်ဟာ ပျော်ပျော်နေတတ်တဲ့သူလေးလည်း ဖြစ်တာကြောင့် အိမ်မှာနေရင်းနဲ့လည်း အမြဲလိုလိုအခွီလေးတွေ ပြုလုပ်လေ့ရှိတဲ့အပြင် tik tokဗီဒီယိုလေးတွေလည်း ရိုက်ကူးလေ့ရှိကာ လူချစ်လူခင်များတဲ့ သူလေးဆိုလည်းမမှားပါဘူး။


ခေးဆက်သွင်ဟာအနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်နေတာဖြစ်ကာ ကြော်ငြာတွေအပြင် ဇာတ်လမ်းတွဲတွေကိုပါရိုက်ကူးနေတာပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "မလွမ်းဘူးလို့ ညာပါဦး ကလေးရယ်မသိချင်ယောင်ဆောင်ပြီး ပြုံးချင်လို့...." ဆိုတဲ့ captionလေးနဲ့ ကျော့ရှင်းလှပနေတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။။


သတင်း အရင်းအမြစ်៖ Khay Sett Thwin's Facebook acc





