ရိုးရှင်းအေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်အချစ်ကို ယနေ့တိုင်ရရှိနေဆဲဖြစ်တဲ့ မင်းသမီးချောလေး ဇင်ဇင်ဇော်မြင့်

//s9.kh1.co/f0/f03df82cb9d8ef181e99ca2c0469092eb3a6b4cc.jpg
အနုပညာရှင်များ

 ၁၁-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

.

မင်းသမီးချောလေး ဇင်ဇင်ဇော်မြင့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ ဖော်ဖော်ရွေရွေရှိပြီး ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အရင်ကလောက် သိပ်မလုပ်ဖြစ်ပေမယ့် ပရိသတ်အားပေးမှုကို ယနေ့တိုင်ရရှိနေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Nyi Nyi Mg- Sanchaung's FB page
Photo credit - Nyi Nyi Mg- Sanchaung's FB page

ရိုးရှင်းအေးချမ်းတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အသံလေးကို ပိုင်ဆိုင်ထားတဲ့ သူမက တစ်ချိန်က ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း ရရှိခဲ့တာပါ။ သရုပ်ဆောင်ပိုင်းမှာ ပီပြင်ကောင်းမွန်တဲ့ သူမက ပါဝင်တဲ့ ဇာတ်ကားတိုင်းကလည်း အောင်မြင်မှုတွေရရှိတာကိုတွေ့ရပါတယ်။ လက်ရှိမှာလည်း ဇင်ဇင်ဇော်မြင့်က ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးပေးနေတာပါ။

Photo credit - Nyi Nyi Mg- Sanchaung's FB page
Photo credit - Nyi Nyi Mg- Sanchaung's FB page

ကြော်ငြာရိုက်ကူးပေးဖို့အတွက် မိတ်ကပ်ပြင်ဆင်ရာမှာ မိတ်ကပ်ဖန်တီးရှင် ညီညီမောင် စမ်းချောင်း သုသုဆီမှာ သွားရောက် ပြင်ဆင်ခဲ့တာည်းဖြစ်ပါတယ်။ သုသုက ဇင်ဇင်ဇော်မြင့်ရဲ့ ပုံလေးတွေကို တင်ပေးလာရင်း " မေလေး ကို မိတ်ကပ် ပါးပါး ကြည်ကြည် မျက်ဝန်းတောက်တောက်လေး ပြင်ပေးဖြစ်ပါတယ် ဘိုဆန်ဆန်လေး လှတဲ့ သူအမ အလှပိုမိုပေါ်လွင်အောင် မျက်ဝန်းအသားပေး သု ရဲ့ မိတ်ကပ် ဆံပင် ပြင်ဆင်မှုလေးပါ " ဆိုပြီး ရေးသားလာတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်....။

Photo credit - Nyi Nyi Mg- Sanchaung's FB page
Photo credit - Nyi Nyi Mg- Sanchaung's FB page

သတင်း အရင်းအမြစ် Source - Nyi Nyi Mg- Sanchaung's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T