ဝါရင့်အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားနေမျိုးအောင်ကတော့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ကျရာဇာတ်ရုပ်တွေကို အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဇာတ်ကြမ်း၊ဇာတ်နုစတဲ့ ကာရိုက်တာတွေကို အပီပြင်ဆုံးသရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားတွေများစွာကို ရိုက်ကူးခဲ့တဲ့ နေမျိုးအောင်ကတော့ ယနေ့အချိန်ထိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။


အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေတဲ့ နေမျိုးအောင်ကတော့ ဇနီးသည်နဲ့အတူ ကြည်နူးစရာကောင်းပြီးအေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နေမျိုးအောင်တို့ဇနီးမောင်နှံကတော့ ဆယ်ကျော်သက်တွေအလားထင်မှတ်ရပြီး လူငယ်လေးတွေလို လွတ်လပ်ပေါ့ပါးတဲ့ဖက်ရှင်တွေနဲ့ ခပ်မိုက်မိုက်ပို့စ်တွေပေးနေခဲ့ပါတယ်။နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့ အမိုက်စားဖက်ရှင်လေးနဲ့ အထာကျကျဂေါ်နေကြတဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေရဲ့ အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။


နေမျိုးအောင်ရဲ့ ဇနီးကတော့ " အမိုက်စားဓါတ်ပုံလေးတွေရိုက်ရင်း အနားယူဓါတ်ဆရာကအရမ်းတော်နေတော့ ကိုယ့်ပုံကမိုက်နေတာပေါ့ ချစ်တို့လည်းဓါတ်ပုံရိုက်မယ်ဆို ဆက်သွယ်လိုက်နော် "ဆိုပြီး အမိုက်စားပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နေမျိုးအောင်တို့ဇနီးမောင်နှံရဲ့ အထာကျကျလန်းနေတဲ့ အမိုက်စားပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source : အာဗြဲစိန် ' s Facebook Page

