အလုပ်တောက်လျှောက်လုပ်ထားပြီးပင်ပန်းနေပေမယ့်လည်း အိမ်ပြန်ရောက်တိုင်းခွေးလေးတွေ‌နဲ့အချိန်ကုန်ရင်းပျော်ရွှင်နေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေး

//s9.kh1.co/61/616201dc25a89eb395b24ede4b1a609c24efce76.jpg
အနုပညာရှင်များ

 ၁၁-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

ပရိတ်သတ်ကြီးရေ....သွက်လက်တဲ့အမူအရာလေးတွေနဲ့ အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိတ်သတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

နေခြည်ဟာ အခုလက်ရှိမှာဆိုရင်လည်းအနုပညာအလုပ်တွေကိုဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတာဖြစ်ပြီး ပရိသတ်ချစ်ခင်အားပေးမှုရရှိနေတာလည်းဖြစ်ပါတယ်။ နေခြည်ဟာ ခန္ဓာကိုယ်ကိုလည်း ထိန်းသိမ်းတဲ့သူဖြစ်တာကြောင့် workoutလေ့ကျင့်ခန်းတွေကိုလည်း မှန်မှန်လုပ်လေ့ရှိတာလည်းဖြစ်ပါတယ်နော်။ နေခြည်ဟာ အလုပ်တွေမနားမနေလုပ်ရပြီး photo shootingတွေအပြင် Liveအစီအစဉ်တွေပါပြုလုပ်ပြီး ပရိသတ်တွေအတွက် ကြိုးစားနေတာဖြစ်ပါတယ်....။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

တစ်နေကုန်အလုပ်တွေနဲ့ မအားမလပ်နဲ့လုပ်နေရပေမယ့်လည်း နေခြည်ဟာ အိမ်ပြန်ရောက်တိုင်းသူမရဲ့ အချစ်တော်ခွေးလေးတွေနဲ့ အချိန်ကုန်နေလေ့ရှိတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့ my dayလေးမှာ "တစ်နေကုန် shootingရိုက် gymဆော့ပြန်လာတာနဲ့ အမောကိုပြေလို့....." ‌ဆိုတဲ့ စာသားလေးနဲ့အတူ ခွေးလေးတွေနဲ့ကစားနေတဲ့ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc
Photo credit-Nay Chi Oo's Facebook acc

သတင်း အရင်းအမြစ်Nay Chi Oo's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T