သရုပ်ဆောင် မင်းသမီးချောလေး ချမ်းမီမီကိုကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ကျော်ကြားခဲ့သူ တစ်ဦးပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ဇာတ်ကားတိုင်းကို တစ်ခဲနက် အားပေး ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာအလုပ်တွေနဲ့ အချိန်အတော်ကြာ အဆက်ပြတ်သွားခဲ့ပြီး အခုမှာတော့ ပြန်လည် ကြိုးစား လုပ်ကိုင်သွားတော့မှာဘဲ ဖြစ်ပါတယ်။ ချမ်းမီမီကိုဟာ ချစ်ရတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
သူမဟာ လတ်တလောမှာတော့ ရတနာဆိုင်တွေရဲ့ လက်ဝတ်ရတနာပစ္စည်းတွေကို အွန်လိုင်းကနေ Live Sale ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲချပြလေ့ ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ချမ်းမီမီကိုရဲ့ Facebook Story မှာ ဘဝတစ်ကွေ့ကြုံတွေ့လာခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်လည်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။
သူမကလည်း " ချစ်ဆုံး သူငယ်ချင်းလေးတွေ အားမငယ်ပါနဲ့ ကြိုးစားပါ ပေးနိုင်တဲ့ အကြံဉာဏ်အကူအညီတောင်းရပါတယ်ရှင့် ဘဝတစ်ကွေ့ဆုံခိုက် ကခဲ့ရတဲ့ ဇာတ်တွေများတော့ ကိုယ့်ဘဝ ကိုယ် Focus လုပ်ရင် ကိုယ်သည် ဇာတ်ကောင်ပေါ့ တစ်ခါ တစ်ခါ ကောင်းနေတဲ့ သူတောင် ကိုယ့်ဘဝနဲ့ ပတ်သက်ရင် ဗီလိန်လို့ သမုတ်သေးတာ ဘယ်ရမလည်း အားလုံး ပျော်ရွှင် ချမ်းမြေ့ပါစေရှင့် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Chan Mi Mi Ko’s Facebook Account