ပရိသတ်ကြီးရေ ဒီတစ်ခါ မှာတော့ ဘိုမရုပ်လေးလို လှပပြီး ဆွဲဆောင် မှုရှိစွာ ညို့အား ပြင်းတဲ့ မင်းသမီး ချောလေး ပက်ထရစ်ရှာပဲ ဖြစ်ပါတယ်။သူမဟာ သရုပ်ဆောင်တဲ့ အခါတွင်လည်း ပီပြင်စွာ သရုပ်ဆောင် နိုင်ပြီး ချစ်စရာကောင်း သောကြောင့် ပရိသတ်တွေ ရင်ထဲကို ရောက်ခဲ့တဲ့ အနုပညာ ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ပရိသတ်တွေကြားမှာလည်း ရေပန်းစားပြီး အောင်မြင်တဲ့ သရုပ်ဆောင် တစ်ဦး အဖြစ် ရပ်တည်ကာ အနုပညာ အလုပ်တွေ ကိုလည်း လုပ်ကိုင် လျက်ရှိပါတယ်။


ပက်ထရစ်ရှာဟာ လွတ်လပ်စွာ ပြောဆိုနေထိုင်တတ်ပြီး သူမရဲ့အပြုံးလေးတွင် ပါးချိုင့် လေးလည်း ပါတာကြောင့် ယောက်ကျားလေးပရိသတ်တွင်သာမက မိန်းကလေးတွေပါ ကြွေနေရတဲ့ မင်းသမီးချောလေး တစ်ဦးလည်းဖြစ်ပါတယ်။ငယ်ရွယ် နုပျိုတဲ့ အလှလေးနဲ့ နိုင်ငံခြားမင်းသမီးတွေလို လည်း ညို့အားပြင်းတဲ့ ဆွဲဆောင်မှု တွေရှိသူ လေးဖြစ်ပါတယ်။သူမဟာ ကြော်ငြာ၊ဗီဒီယိုတွေ ရိုက်ကူးရုံ သာမက ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း သရုပ်ဆောင်လာပြီး ပရိသတ်တွေ လက်ခံအားပေးလာတာဖြစ်ပါတယ်။


ပက်ထရစ်ရှာဟာ မော်ဒယ် အလုပ်ဖြစ်တဲ့ ရှိုးပွဲတွင်လည်း လျှောက်လှမ်း နေပြီး ဆွဲဆောင်မှုရှိတဲ့ ပုံတွေ ကိုလည်း ပရိသတ်တွေ အတွက် အမြဲတင်ပေး လေ့ရှိသူ ဖြစ်ပါတယ်။လက်တစ်လောမှာတော့ သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ လိပ်ပြာဂါဝန်လေးဝတ်ဆင်ကာ "Butterflies all over my body"ဆိုတဲ့ စာသားလေးနဲ့အတူ ညို့အားပြင်းတဲ့ အပြုံးလေး တွေနဲ့ နှင်းဆီဖြူလေးတစ်ပွင့်ကိုင်ကာ အလှဓာတ်ပုံများကို လူမှုကွန်ယက် စာမျက်နှာမှာ တင်ပေးလာတာဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်ကြီးကလည်း ရှာရှာလေးကို ထပ်အားပေးဖို့အတွက် မျှဝေပေးလိုက်ပါတယ်။



သတင်း အရင်းအမြစ်៖ Patricia(Sue Sha Naing)Facebook Account





