ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ဘုန်းလျှံ ကတော့ သူရဲ့ ချစ်ဇနီးချောလေးနဲ့အတူ ကုသိုလ်တွေပြုလုပ်နေတာပါ။ နှစ်ယောက်တစ်ဘ၀တည်ဆောက်ထားတာ မကြာသေးတဲ့ ဘုန်းလျှံတို့ စုံတွဲလေးက ပရိသတ်အားပေးချစ်ခင်မှုကို ရရှိထားတာဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကိုလည်း ကြိုးစားလုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ဘုန်းလျှံက သူကိုယ်တိုင် ချက်ပြုတ်ရောင်းချတဲ့ ရခိုင်အစားအစာတွေကို လူမှုကွန်ယက်ထက်မှာ postတင်ကာ ရောင်းချလေ့ရှိတာဖြစ်ပြီး အနုပညာရှင်တွေနဲ့ ပရိသတ်တွေကလည်း ဝယ်ယူအားပေးကြတာဖြစ်ပါတယ်။ ယနေ့မှာလည်း ဘုန်းလျှံတို့ ရောင်းချတဲ့ အစားအစာတွေကို သဇင်မြိုင် အရှင်ကုသလ ဘုန်းဘုန်းရဲ့ မွေးနေ့မှာ အားပေးဝယ်ယူတာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေတာဖြစ်ပါတယ်.....။


" Happy birthday to သဇင်မြိုင် အရှင်ကုသလ ဘုန်းဘုန်း ယနေ့မှတိုင် နှစ်ပေါင်းများစွာ ကျန်းကျန်း မာမာနဲ့ စိတ်သွားတိုင်းကိုယ်ပါများစွာ သော သာသနာကို ပြုနိုင်ပါစေ တပည့်တော်တို့ကိုလဲ မနေ့က ပွဲ30 အားပေးချီး မြှောက် ရင်း သင်္ကန်း နှင့် ဆွမ်း ကပ်လှူခွင့် ရတဲ့အတွက်ဝမ်းသာ ပီတိဖြစ်မိပါ၏ ဘုရား " ဆိုတဲ့ စာသားလေးအပြင် ဇနီးမောင်နှံနှစ်ယောက်ရဲ့ အလှူပြု ပုံရိပ်လေးတွေကို တင်ပေးလာတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.....။


သတင်း အရင်းအမြစ်៖ Source - Bhone Hlyan's FB account





