ချစ်ဇနီးလေးနန္ဒာလှိုင်က အပြင်ပေးမထွက်လို့ ယောက်ဖကိုစစ်ကူတောင်းပြီး ပြောကူခိုင်းလိုက်တဲ့ ဦးဇေသီဟ

//s9.kh1.co/6e/6e22c9cff534a47e457c0ad721a24f38fefb1534.jpg
အနုပညာရှင်များ

 ၁၁-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၄ နှစ် က

ချစ်ဇနီးလေးနန္ဒာလှိုင်က အပြင်ပေးမထွက်လို့ ယောက်ဖကိုစစ်ကူတောင်းပြီး ပြောကူခိုင်းလိုက်တဲ့ ဦးဇေသီဟ

ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်ဆောင်တော့ဘဲ စီးပွားရေး၊မိသားစုအရေးကိုသာ ဂရုတစိုက်ဆောင်ရွက်နေတာဖြစ်ပါတယ်။နန္ဒာလှိုင်က သမီးသုံးယောက်မွေးဖွားထားတဲ့ မိခင်ဖြစ်ပြီး အမေတူသမီးလေးတွေဖြစ်လို့ လူချစ်လူခင်ပေါကြပါတယ်‌။ဦးဇေသီဟကလည်း ချစ်ဇနီးလေးနန္ဒာလှိုင်ကို သမီးသုံးယောက်ရတဲ့အထိ အချစ်မပြယ်ဘဲ ယနေ့အချိန်ထိတိုင် သည်းသည်းလှုပ်ချစ်နေဆဲဖြစ်လို့ အားကျစရာပါပဲနော်။

Photo Credit:Sein Phyo Hlaing's Facebook Account

Photo Credit:Nandar Hlaing's Facebook Account

ဦးဇေသီဟကတော့ ပျော်ပျော်နေတတ်လို့ မိသားစုဝင်တွေကို မကြာခဏဆေးထိုးပြီး ရုပ်တည်ကြီးနဲ့စနောက်တတ်သေးတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့မောင်လေး စိန်ဖြိုးလှိုင်ကိုလည်း ဦးဇေသီဟက အရမ်းဆေးထိုးတတ်ပြီး ညီအစ်ကိုအရင်းတွေလိုခင်မင်ကြတာဖြစ်ပါတယ်။စိန်ဖြိုးလှိုင်ကတော့ ယောက်ဖဖြစ်သူနဲ့ အလုပ်တွေလည်းအတူတူလုပ်ကိုင်ကြတာဖြစ်လို့ တိုင်တိုင်ပင်ပင်နဲ့အရမ်းရင်းနှီးကြပြီး အရမ်းတည့်ကြတဲ့သူတွေဖြစ်ပါတယ်နော်။

Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account

အခုတစ်ခါမှာဆိုရင် စိန်ဖြိုးလှိုင်က ယောက်ဖဖြစ်သူကို တစ်လှည့်ပြန်ပြီး ဆေးထိုးလိုက်တာဖြစ်ပါတယ်။ဦးဇေသီဟက‌တော့ ချစ်ဇနီးလေး နန္ဒာလှိုင်က အပြင်ပေးမထွက်လို့ စိန်ဖြိုးလှိုင်ကို ကူပြောခိုင်းခဲ့တာဖြစ်ပါတယ်နော်။စိန်ဖြိုးလှိုင်နဲ့ဦးဇေသီဟတို့နှစ်ယောက်ကတော့ အပြန်အလှန်စနောက်ကြရင်း ချစ်ချစ်ခင်ခင်ရှိကြလို့ အရမ်းနွေးထွေးတဲ့မိသားစုလေးဖြစ်ပါတယ်။နန္ဒာလှိုင်တို့မိသားစုလေးက သိုက်သိုက်ဝန်းဝန်းနဲ့ စည်းလုံးစွာနေထိုင်တတ်လို့ အတုယူဖို့ကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်နော်။ 

Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account
Photo Credit:Sein Phyo Hlaing's Facebook Account

Source&Photo Credit:Sein Phyo Hlaing's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T