လှေကားပေါ်ကပြုတ်ကျပြီး အရိုးလေးကျိုးသွားလို့ ဆေးရုံတက်နေရတဲ့ချစ်သုဝေကို သတင်းလာမေးကြတဲ့ မျိုးကြီးတို့ဇနီးမောင်နှံ

//s9.kh1.co/91/9117d3d55b86fd27daae40256af9aaabf5a61194.jpg
အနုပညာရှင်များ

 ၁၀-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၄ နှစ် က

လှေကားပေါ်ကပြုတ်ကျပြီး အရိုးလေးကျိုးသွားလို့ ဆေးရုံတက်နေရတဲ့ချစ်သုဝေကို သတင်းလာမေးကြတဲ့ မျိုးကြီးတို့ဇနီးမောင်နှံ

ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော်လင်းလင်းနဲ့ အဆိုတော်၊သရုပ်ဆောင်ချစ်သုဝေတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ချစ်သုဝေက ဇာတ်ကားမရိုက်တော့တာနှစ်ချီကြာမြင့်နေပေမယ့် သီချင်းတွေဆိုပြီးကြော်ငြာတွေရိုက်ကူးနေဆဲဖြစ်ပါတယ်နော်။ချစ်သုဝေက သူမရဲ့အမွှာသမီးလေးနှစ်ယောက်ကိုလည်း ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် သေချာဂရုတစိုက်နဲ့စောင့်ရှောက်နေတာဖြစ်ပါတယ်။

Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account

လင်းလင်းကတော့ အားတဲ့အချိန်တိုင်းကို ဇနီးနဲ့သမီးလေးတွေအတွက် ပျော်ရွှင်စရာတွေဖန်တီးပေးနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။လင်းလင်းနဲ့ချစ်သုဝေတို့က အေးအတူပူအမျှနဲ့လက်တွဲနေထိုင်ကြပြီး အခက်အခဲတွေကိုလည်း တိုင်တိုင်ပင်ပင်နဲ့ဖြေရှင်းကြတာဖြစ်ပါတယ်။ချစ်သုဝေတို့ဇနီးမောင်နှံက ပရဟိတအလုပ်ကိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်ကြပြီး လိုအပ်သူတွေကို ကူညီနေကြတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင်တော့ ချစ်သုဝေက လှေကားပေါ်ကပြုတ်ကျပြီး အရိုးအက်သွားလို့ ဆေးရုံတင်ထားရတာဖြစ်ပါတယ်။ 

Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account

လင်းလင်းကလည်း ချစ်ဇနီးလေးရဲ့ဘေးနားမှာ အချိန်ပြည့်ပြုစုစောင့်ရှောက်ပေးပြီး လိုအပ်တာတွေကို ကိုယ်တိုင်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အဆိုတော်မျိုးကြီးတို့ဇနီးမောင်နှံက ချစ်သုဝေကို သတင်းလာမေးကြတာဖြစ်ပါတယ်။လင်းလင်းကတော့"လူငယ်တွေ စကားလက်ဆုံကြတုန်း လူကြီးဆရာမနှစ်ယောက် မုန့်များဖြင့်ကိုယ်တိုင်ဧည့်ခံ, ကိုယ်တိုင်စားသောက် အိပ်ရာပေါ်က ဆရာမ အခြေအနေအထူးကောင်းမွန်လာ၍ ဘောလုံးချိန်းပွဲကန်ရန် ကိုမျိုးကြီးနဲ့ တိုင်ပင်ပြင်ဆင်"ဆိုပြီး မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account
Photo Credit:Htwe Lynn Ko's Facebook Account

Source&Photo Credit:Htwe Lynn Ko's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T