အဆိုမလေး G ကတော့ အချိန်အတိုးတွင် အောင်မြင်မှုတွေရရှိလာကာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားခဲ့တဲ့ သူပဲ ဖြစ်ပါတယ်။ G ဟာ The Voice Myanmar အဆိုပြိုင်ကြီးမှာ ဝင်ရောက်ယှဥ်ခဲ့ရင်း နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လာနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဆိုတော်မလေး Gက အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြုပရဟိတအလုပ်တွေကို လည်း လုပ်ကိုင်နေတာတွေ့ရပါတယ်။


G က လွတ်လွတ်လပ်လပ် ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းစွာ နေတတ်တာကြောင့် ပရိသတ်တွေကလည်း ချစ်အားပိုနေရတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း G ဟာ နေ့စဥ်လှုပ်ရှားမှုတွေအပြင် ချစ်စရာပုံလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာတာ့ Gက ပရိသတ်တွေအတွက် အပျင်းအပြေဆော့ကစားထားတဲ့ Tik Tok လေးကို ဖော်ပြလာခဲ့ပါတယ်။


ဒီဗီဒီယိုလေးထဲမှာတော့ G က ခေတ်စားနေတဲ့ Tik Tok လေးကို ကိုယ်ပိုင်ဟန်လေးနဲ့ ကြည့်မိသူတိုင်း ချစ်ဖို့ကောင်းအောင် ဆော့ကစားထားတာ ဖြစ်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ ဝတ်စုံလေး ဝတ်ဆင်ပြီး အသင်းသားတွေရဲ့ တစ်ယောက်ချင်းစီအရှေ့မှာ ခပ်တည်တည်နဲ့ ကိုယ်လုံးလေး လှုပ်ခါပြီး ဆော့ကစားထားတာက အသည်းယားစရာ ကောင်းပါတယ်။ ကဲ...ယခုမှာတော့ပရိသတ်တွေအတွက် အဆိုတော်မလေး G ရဲ့ tik tok ဟလေးကို ကြည့်ရှု့လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Video Credit & Source - G Vocals fb page





