နဒီဝင့်နိုင်ဟာ ဗီဒီယို ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ရာမှ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ တေးသီချင်း များကိုလည်း အသံအေးအေးလေးနဲ့ သီဆို နိုင်သူလည်း ဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားများ ရိုက်ကူးခဲ့တဲ့အချိန်တွေကလည်း ပရိသတ်တွေက သူမရဲ့ ဇာတ်ကောင်ကို မှတ်မိကြတဲ့အထိ သရုပ်ဆောင်ပိုင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။ လတ်တေလာမှာလည်း တေးသီချင်းကောင်းလေးတွေကို ဖန်တီးနေတာလည်း ဖြစ်ပါတယ်။


ယခုမှာလည်း ညီမအရင်းလို ချစ်ရတဲ့ ဖူးပွင့်သခင်ရဲ့ မွေးနေ့မှာနှစ်ယောက် အတူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေနဲ့ တွေကို ဝေမျှပြီး ချစ်ရတဲ့ မွေးနေ့ရှင်လေး ဖူးပွင့်သခင်ကို ဆေးထိုးစနောက်ထားပါသေးတယ်။“Happy Birthday ပါညီမလေးရေ” ဆိုပြီး သူမတို့နှစ်ယောက်ရဲ့ ချစ်စရာအမှတ်တရလေးတွေနဲ့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ မွေးနေ့ဆုတောင်းပေးလိုက်တာ ပဲဖြစ်ပါတယ်။ အဲ့ဒီပို့စ်ရဲ့အောက်မှာ ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကလည်း ဖူးပွင့်အတွက် ဆုတောင်းစကားလေးတွေ ပြောထားကြတာကိုလည်း တွေ့မြင်ကြရမှာပါ..။


နဒီဝင့်နိုင်ကတော့ သူမရဲ့ သရုပ်ဆောင်ကောင်းတွေအပြင် အဆိုပိုင်းမှာလည်း ပိုင်နိုင်ပြီး သီချင်းကောင်းလေးတွေ သီဆိုတတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲ ရောက်ရှိနေတာဆိုရင်လည်း မမှားပါဘူး ။ သူမရဲ့မျက်နှာလေးကလည်း ချစ်စရာကောင်းပြီး နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှုတွေရှိနေတာတွေကြောင့်လည်း လူအများရဲ့ အားပေးချစ်ခင်မှုကို ရရှိနေတာပဲ ဖြစ် ပါတယ်။ ဒီကနေ့လေးမှာတော့ နဒီဝင့်နိုင်နဲ့အတူ မွေးနေ့ရှင်လေး ဖူးပွင့်သခင်အတွက် ချစ်ပရိသတ်တွေကလည်း မွေးနေ့ ဆုတောင်းလေး တောင်းပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။


သတင်း အရင်းအမြစ်៖ Nadi Wint Naing Facebook account





