ကြည်လင်နေတဲ့ မျက်နှာထက်မှာ ရိုးရှင်းတဲ့ အပြုံးများနဲ့ အလှဝေနေသူ အေးသောင်း

//s9.kh1.co/e4/e44e30d5bb40ea1b4b56a24a1811809f426022fb.jpg
အနုပညာရှင်များ

 ၁၀-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၅ နှစ် က

.

ကျော့ရှင်းတဲ့ ခန္ဓာကိုယ်နဲ့ ပရိသတ်တွေက သည်းသည်းလှုပ် ချစ်တာကို ခံနေရတာကတော့ သရုပ်ဆောင် မင်းသမီးချောလေး အေးသောင်းပဲ ဖြစ်ပါတယ်။ အေးသောင်းဟာ ပုရိသ ယောကျာ်းလေးများ ငေးမောလောက်ရတဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာမက သူမရဲ့ ရိုးရှင်းတဲ့ အလှတွေနဲ့ ပြောစရာ မလိုအောင် လှသွေးကြွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူမကတော့ ဗီဒီယို ဇာတ်ကားပေါင်း များစွာကိုရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားတာပဲ ဖြစ်ပါတယ်။

Photo Crd-Aye Thaung Facebook account
Photo Crd-Aye Thaung Facebook account
Photo Crd - AMAZING GRACE
Photo Crd - AMAZING GRACE

အေးသောင်းဟာ ရုပ်ရှင်သရုပ်ဆောင်ကနေ ဗီဒီယို ဇာတ်ကားပေါင်းများစွာသာမက ကြော်ငြာ များကိုပါ ရိုက်ကူးလာသူတစ်ဦး ဖြစ်ပါတယ်။သူမရဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေကတော့ လူတိုင်း ရင်ထဲအေးမြစေပြီး ခန္ဓာကိုယ် ကလည်း အချိုးအစား ညီမျှနေတဲ့အတွက် မြင်သူတိုင်း သမင်လည်ပြန် ကြည့်ချင် ရလောက်အောင် ဆွဲဆောင်မှု ရှိသူတစ်ဦးဖြစ်ပါတယ်။ယခုအခါမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ-

ကောင်ကလေးမမဆီကိုလာခဲ့

မမကိုအချစ်တွေပေးရင်မမက

မောင်လေးလိုချင်တာတွေအများကြီးဝယ်ပေးမှာသိလား ……ဆိုပြီးဈေးဗန်းခင်းထားတာ ပဲဖြစ်ပါတယ်။

Photo Crd-Aye Thaung Facebook account
Photo Crd-Aye Thaung Facebook account
Photo Crd-Aye Thaung Facebook account
Photo Crd-Aye Thaung Facebook account

အေးသောင်းရဲ့ ဝတ်စားဆင်ယဉ် ပုံကို ကြည့်လိုက်တာနဲ့ သူမဟာ မြန်ဝတ်စုံကို မြတ်နိုးတန်ဖိုးထားသူ ဖြစ်ကြောင်း သိနိုင်သလို အဲ့ဒါတွေကလည်း မြင်သူတိုင်းက အချစ်တွေပိုစေတာ ဖြစ်ပါတယ်။အေးသောင်းရဲ့ ပြောစရာမလိုအောင် ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်၊ ကြည်လင်အေးမြသော မျက်နှာအနေအထားလေးကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲပြီးကျန်ရစ် စေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့ သူမရဲ့ ရိုးရှင်သော အလှမှာ နစ်မျောသွားရင် အသည်းလေးတွေပေးခဲ့ဖို့ မမေ့နဲ့နော်…..

Photo Crd - AMAZING GRACE
Photo Crd - AMAZING GRACE
Photo Crd - AMAZING GRACE
Photo Crd - AMAZING GRACE

သတင်း အရင်းအမြစ် Aye Thaung Facebook account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T