အဆိုတော် မိုးမိုးကတော့ ဂီတလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တွေထဲ တစ်ယောက်အပါအဝင်ဖြစ်ပြီ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးမိုးက အဆိုတော်တစ်ယောက်အပြင် ဗီဒီယိုဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်တာ တွေ့ရပါတယ်။ ယနေ့အချိန်လည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း ရှာဖွေလုပ်ကိုင်နေတာ ဖြစ်ပါတယ်။


မိုးမိုးက လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် အသက်ငယ်ရွယ်ပေမဲ့ ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းတဲ့သူ ဖြစ်တာကြောင့် လူအများချစ်ခင်မှုကို ရရှိထားတာဖြစ်ပါတယ်။ ယခုမှာတော့ မိုးမိုးက ထူးထူးခြားခြား ဖြစ်စဥ်တစ်ခုကို ပရိသတ်တွေအတွက် ပြောပြလာခဲ့ပါတယ်။



ဒီထူးခြားမှုလေးကတော့ ညောင်ဆယ်ပင် အဓိဌာန်ဝင်ခါနီး တစ်ရက်အလိုမှာ ရွှေခေါင်းလောင်းလေးတစ်လုံးကို တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းလေးနဲ့ ပတ်သက်ပြီး မိုးမိုးက "မနက်ဖြန် ညောင်ဆယ်ပင်ဝင်မယ်...ဒီနေ့ ထူးခြားတိုက်ဆိုင်စွာ ရွှေခေါင်းလောင်းလေးတွေလက်ဆောင်ရတယ် ...ဤသို့ပြုရ ကုသလကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာစလုံးမှာ အောင်မြင်ထူးခြား ပေါက်မြောက်ပါစေ ကိုပေါက်တူးရေ " ဆိုပြီး ရေးသားထားပါတယ်။
သတင်း အရင်းအမြစ်៖ Source- Moe SiThu Kyaw fb account