အားကစားဝတ်စုံလေးနဲ့တောင် အလှတွေထင်ပေါ်နေတဲ့ နေခြည်ရွှန်းလဲ့

//s9.kh1.co/2d/2d27021b526dc881936e9cee6e217ba0cbca2488.jpg
အနုပညာရှင်များ

 ၁၀-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၅ နှစ် က

..

ကလေးလေးတစ်ယောက်လိုချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေး နေခြည်ရွှန်းလဲ့ဟာ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးနေပြီး “မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန” ဇာတ်ကားဖြင့် ပရိသတ်များလူသိများစေခဲ့သော အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ ကျရာဇာတ်ရုပ်များကို ပီပီပြင်ပြင် ပုံဖော်နိုင်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုအခိုင်အမာရှိ ထားသူလေးတစ်ဦးဆိုလည်းမမှားပါဘူးနော်။ ရိုးရှင်းပြီး ကျက်သရေရှိတဲ့ အလှတရားများကို ပိုင်ဆိုင်ထားပြီး အေးချမ်းတဲ့အပြုံးလေးတွေကြောင့် ယောကျာ်းလေးပရိသတ်တင်မကပဲ မိန်းကလေးပရိသတ်တွေပါ ချစ်ရတဲ့ပြည်သူချစ်အနုပညာရှင် တစ်ဦးပဲဖြစ်ပါတယ်။

Photo Credit- Nay Chi Shoon Lak FB Account
Photo Credit- Nay Chi Shoon Lak FB Account
Photo Credit- Nay Chi Shoon Lak FB Account
Photo Credit- Nay Chi Shoon Lak FB Account

   သေးသွယ်ကျစ်လှစ်ပြီး အဆီပိုမရှိသော ဘော်ဒီအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ သူမရဲ့ဝင်းဝါစိုပြေတဲ့အသားရေလေးကြောင့် အပြာရောင်အားကစား ဝတ်စုံလေးနဲ့ ထင်ဟပ်နေပြီးအလှတရားတွေပေါ်လွင်နေပါတယ်နော်။ အကြည့်တွေကစူးရှပြီး အားကစားလုပ်နေတာတောင်ဆွဲဆောင်မှုအပြည့် ရှိသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ နေခြည်လေးရဲ့ အလှတရားတွေကြောင့် အားကစားခန်းမတောင်ပိုပြီး အသက်ဝင်သွားပြီး နေခြည်ဟာ MTV သီချင်းများ ရိုက်ကူးမှုှုမှာလည်း အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။

Photo Credit- Nay Chi Shoon Lak FB Account
Photo Credit- Nay Chi Shoon Lak FB Account
Photo Credit- Nay Chi Shoon Lak FB Account
Photo Credit- Nay Chi Shoon Lak FB Account

   MRTV-4 ရဲ့ ပင်တိုင်မင်းသမီးလေးတစ်ဦးလည်း ဖြစ်ပြီး အနုပညာလုပ်ငန်းများကိုတစိုက် မတ်မတ်လုပ်ကိုင်နေသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ ဘာသာတရားလည်းကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ကာ လိမ္မာယဉ်ကျေးသော အပြောအဆိုလေးတွေကြောင့်ပရိသတ်တွေချစ်မ၀ ဖြစ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ ဖေ့စ်ဘုတ် အကောင့်မှာ” အနိုင်ကျင့်တာ ဘယ်သူလဲ ဒီကိုကြီးဆီ ကိုသာလွှတ်လိုက်….” ဆိုပြီး ခပ်ချေချေစကားလေးကို အရွှန်းဖောက်ပြီးဆိုလိုက်တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် နေခြည့်ရဲ့  အလှဓာတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ် Nay Chi Shoon Lak FB Account

Aye Sandar Htwe
Sandar

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T