ဘယ်အချိန်ကြည့်ကြည့် အေးချမ်းတဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ စိုးမြတ်နန္ဒာ

//s9.kh1.co/dd/dd43bab1e50502b24d7a3616c7eacd559ab5573d.jpg
အနုပညာရှင်များ

 ၁၀-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ လက်ရှိမှာဆိုရင် အနုပညာလှုပ်ရှားမှုတွေကို သိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိနေဆဲပါနော်။ စိုးမြတ်နန္ဒာက တစ်ခေတ်တခါမှာ အရမ်းရေပန်းစားပြီးအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်လက်ဖြစ်သလို ချစ်မကြီး စိုးမြတ်သူဇာကလည်း အနုပညာလောကမှာ အောင်မြင်မှုတွေသရဖူဆောင်းခဲ့တာကြောင့် ညီအစ်မနှစ်ယောက်လုံးက ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်ပါတယ်။

Photo credit - Nyi Nyi Maung 's Facebook Page 
Photo credit - Nyi Nyi Maung 's Facebook Page 

စိုးမြတ်နန္ဒာက လက်ရှိမှာဆိုရင် စိုးညီအစ်မတွေစုပေါင်းပြီးဖွင့်လှစ်ထားတဲ့"မင်းသမီး ပိုးထည်တိုက်"ဆိုင်လေးကို ဦးစီးပြီး တွင်ကျယ်အောင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။"မင်းသမီး ပိုးထည်တိုက်"ဆိုင်လေးကလည်း တဖြည်းဖြည်းနဲ့လူသိများလာပြီး အောင်မြင်လာပါတယ်နော်။ ကိုယ်ပိုင် အလုပ်လေးတွေအပြင် အနုပညာအလုပ်တွေကိုလည်း လက်ခံရိုက်ကူးပေးနေတဲ့ သူမက ယနေ့မှာလည်း Photo shooting တစ်ခုကို ရိုက်ကူးနေတာပါ။

Photo credit - Nyi Nyi Maung 's Facebook Page 
Photo credit - Nyi Nyi Maung 's Facebook Page 

စိုးမြတ်နန္ဒာက ကျက်သရေရှိလှတဲ့ သူမရဲ့ မျက်နှာလေးနဲ့ လိုက်ဖက်အောင် ဆံပင်ပုံစံရိုးရိုးလေး ပြင်ဆင်ပြီး လှရက်လွန်းနေခဲ့တာပါ။ စိုးမြတ်နန္ဒာကို ရိုက်ကွင်းထက်မှာ အလှပဆုံး ပြင်ဆင်ပေးခဲ့တဲ့ သုသုက လူမှုကွန်ယက်ထက်မှာ " မဒါ ကို နာရီကြော်ငြာ အတွက်ပြင်ပေးဖြစ်တယ် လှပြီးသား မင်းသမီးကို ပြင်ရတာမို့ ပါးပါး ကြည်ကြည်လေးပဲပြင်ပေးဖြစ်ပါတယ် သု ရဲ့ မိတ်ကပ်ဆံပင် ဖန်တီးမှု ပါ " ဆိုတဲ့ စာသားလေးအပြင် ပုံလေးတွေကိုလည်း တင်ပေးလာတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

Photo credit - Nyi Nyi Maung 's Facebook Page 
Photo credit - Nyi Nyi Maung 's Facebook Page 

သတင်း အရင်းအမြစ်Photo credit - Nyi Nyi Maung 's Facebook Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T