ပရိသတ်ကြီးရေ....ကလေးသရုပ်ဆောင်ဘဝတည်းက အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးလက်ခံတဲ့မင်းသမီးချောလေး ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပပြီး ပြည့်တင်းလှပတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးချင်းပါကြွေရတဲ့မင်းသမီးချောလေးဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ Snareအဖွဲ့၀င်အဆိုတော်ဖြိုးလေးနဲ့လည်း ကြည်နူးသာယာစရာrelationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်။


ဝါဆိုမိုးဦးနဲ့ဖြိုးလေးဟာ အချိန်တွေအကြာကြီးလက်တွဲလာခဲ့ကြတဲ့ချစ်သူစုံတွဲလေးဖြစ်ကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုပေးကြပြီး ရှေ့သွားနောက်လိုက်ညီတဲ့သူလေးတွေပါနော်။ သူတို့နှစ်ဦးလုံးဟာလည်း အနုပညာအလုပ်တွေကို အတွဲညီညီနဲ့လုပ်ဆောင်နေကြတာလည်းဖြစ်ပြီး နှစ်တွေအကြာကြီးတွဲလာကြတဲ့ ချစ်သူစုံတွဲလေးဖြစ်ပါတယ်။


အခုဆိုရင်လည်း ဝါဆိုနဲ့ဖြိုးလေးတို့စုံတွဲလေးဟာ ချစ်သူသက်တမ်း (၅)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီးတော့ ကြည်နူးစရာအလှူဒါနတွေပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဝါဆိုဟာ သူမရဲ့ Facebookစာမျက်နှာမှာ "Happy 5th anniversary သဲကိုအမြဲချစ်ပေးလို့ကျေးဇူးပါနော်ဘာလိုလိုနဲ့ ချစ်သူသက်တမ်း၅နှစ်ရှိသွားပြီနော်သဲကိုအမြဲနားလည်ပေးလို့ကျေးဇူးပါ..ချစ်သူသက်တမ်း၅နှစ်ပြည့် အလှူကုသိုလ်လေး အမှတ်တရ.....Love u forever....Phyo layy" ဆိုတဲ့ စာသားလေးနဲ့အတူ မျှဝေပေးခဲ့ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Warso Moe Oo's Facebook page