ချစ်ဇနီးချောလေးကို ရင်ခွင်ထဲထည့်ထားပြီး တူနှစ်ကိုယ်ဘဝလေးမှာ ကြည်ကြည်နူးနူးနဲ့ သာယာနေတဲ့ ဘုန်းလျှံ

//s9.kh1.co/15/155d6fafee5827c46275790ef1fad7c0a9034f6a.jpg
အနုပညာရှင်များ

 ၀၉-ဒီ-၂၀၂၀ ၆pm · လွန်ခဲ့သော ၅ နှစ် က

ချစ်ဇနီးချောလေးကို ရင်ခွင်ထဲထည့်ထားပြီး တူနှစ်ကိုယ်ဘဝလေးမှာ ကြည်ကြည်နူးနူးနဲ့ သာယာနေတဲ့ ဘုန်းလျှံ

ရုပ်ရှင်သရုပ်ဆောင်ဘုန်းလျှံကတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ချစ်ရတဲ့မိန်းကလေးနဲ့လည်း နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။ဘုန်းလျှံက မင်းသားချောခန့်စည်သူတို့နဲ့အတူ လုပ်အားဒါန၊ငွေကြေးဒါနပါဝင်ပြီး အလှူအတန်းတွေလုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ဘုန်းလျှံတို့ဇနီးမောင်နှံနှစ်ယောက်က ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ စားသောက်ကုန်လုပ်ငန်းကိုလည်း တွင်ကျယ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။

Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account

ဘုန်းလျှံတို့ဇနီးမောင်နှံက စီးပွားရေးကို တက်ညီလက်ညီလုပ်ဆောင်ကြပြီး မောင်တစ်ထမ်း၊မယ်တစ်ရွက်လိုပုံစံမျိုး အပြန်အလှန်ဖေးမကူညီကြတာဖြစ်ပါတယ်။ဘုန်းလျှံတို့ဇနီးမောင်နှံက "ငါးပါတူး"ပွဲလေးကို စတင်ရောင်းချလိုက်ပြီး အခုနောက်ပိုင်းမှာဆိုရင် "ရခိုင်ကြက်သောက်ဆမ်း"ပါ ထပ်တိုးလာတာဖြစ်ပါတယ်။ဘုန်းလျှံကို အားပေးတဲ့ပရိသတ်တွေနဲ့ အနုပညာရှင်တွေက သူ့ရဲ့ဟင်းပွဲတွေကို အော်ဒါမှာပြီး စားသုံးကြတာဖြစ်ပါတယ်။ဘုန်းလျှံတို့ကတော့ အခုလိုကိုဗစ်ကာလမှာ ဒီအတိုင်းထိုင်မနေဘဲ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကို စတင်လိုက်တာဖြစ်ပါတယ်နော်။ 

Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account

ဘုန်းလျှံက သူ့ရဲ့ချစ်ဇနီးလေးကို တင့်တောင်းတင့်တယ်ထားနိုင်ဖို့အတွက် အလုပ်တွေကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ဘုန်းလျှံတို့ဇနီးမောင်နှံကို ပရိသတ်တွေကလည်း ချစ်ကြပြီး ရိုးသားကြိုးစားကြလို့ အမြဲအားပေးကြပါတယ်။အခုဆိုရင်တော့ ဘုန်းလျှံက ချစ်ဇနီးလေးကို ရင်ခွင်ထဲထည့်ထားပြီး"အချစ်ကို.ချစ်နေရုံသတ်သတ်မဟုတ်ဘဲ.မေတ္တာတရားနဲ့ပေါင်းဖက်လိုက်မှပြီးပြည့်စုံသွားတာ..အဲဒါအချစ်ပဲ"ဆိုပြီး ချစ်တဲ့အကြောင်းတွေကို တီတီတာ‌တာလေးပြောနေတာဖြစ်ပါတယ်နော်။ 

Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account
Photo Credit:Bhone Hlyan's Facebook Account

Source&Photo Credit:Bhone Hlyan's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T