မင်းသမီးချောလေးပိုးမမှီသာကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။


ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ လှပနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိပါတယ်။ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေ အချစ်ပိုရတဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။



ယနေ့မှာလည်း ပိုးက သူမရဲ့ အချိုးအစားပြေပြစ်လှပတဲ့ ခန္ဓာကိုယ် အလှတရားတွေပေါ်လွင်စေတဲ့ မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်လှပတဲ့ ပုံလေးတွေကို တင်ပေးလာပြန်ပါတယ်။ ပုံလေးတွေအပြင် " ကျွန်မတိုင်းရင်းသားတစ်ယောက်တော့မဟုတ်ပါဘူး ဒါပေမယ့် တိုင်းရင်းသားအဆင်လေးတွေ ဝတ်ရတာကို သိပ်သဘောကျပါတယ် အထူးသဖြင့် ကချင်ရိုးရာထည်လေးကို အတော်နှစ်ခြိုက်မိတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..... ။



သတင်း အရင်းအမြစ်៖ Source - Poe Mamhe Thar's Facebook account