မေမေ့ရဲ့ခင်ပွန်းစိုက်ပျိုးပေးထားတဲ့ ခြံထွက်သီးနှံလေးတွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး ဘုရားမှာကပ်လှူကာ ကုသိုလ်ယူခဲ့တဲ့ မယ်လိုဒီ

//s9.kh1.co/e9/e92d7723b9f2b3afb0beec770bd523301a9c62e1.jpg
အနုပညာရှင်များ

 ၀၉-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

မေမေ့ရဲ့ခင်ပွန်းစိုက်ပျိုးပေးထားတဲ့ ခြံထွက်သီးနှံလေးတွေကို ကိုယ်တိုင်ချက်ပြုတ်ပြီး ဘုရားမှာကပ်လှူကာ ကုသိုလ်ယူခဲ့တဲ့ မယ်လိုဒီ

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီမယ်လိုဒီကတော့ အနုပညာအလုပ်လေးတွေကို တစ်နိုင်တစ်ပိုင် ပြန်လည်လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။မယ်လိုဒီက သားလေးတစ်ယောက်မွေးဖွားထားတဲ့မိခင်ဖြစ်လို့ ကလေးရဲ့အနာဂတ်အတွက် အလုပ်တွေအရမ်းကြိုးစားနေတာဖြစ်ပါတယ်နော်။မယ်လိုဒီတို့သားအမိနှစ်ယောက်က ကြော်ငြာတွေလည်း အတူတူရိုက်ကူးထားကြပြီး အပြန်အလှန်ဖေးမကူညီမှုတွေနဲ့ နေထိုင်ကြလို့ အရမ်းသာယာအေးချမ်းတဲ့သားအမိလေးပဲဖြစ်ပါတယ်။

Photo Credit:Melody Myo's Facebook Account

မယ်လိုဒီက မင်းသမီးတစ်လက်ဖြစ်ပေမယ့် အလှပြင်ရတာကိုဝါသနာမပါဘဲ ဟင်းကောင်းလေးတွေချက်ပြုတ်ရတာကိုအရမ်းသဘောကျတဲ့သူဖြစ်ပါတယ်။သူမရဲ့အိမ်မှာဆိုရင်လည်း နေ့တိုင်းမီးဖိုချောင်ဝင်ပြီး အရသာရှိမယ့်ဟင်းလျာတွေကို ကိုယ်တိုင်ချက်ပြုတ်တာဖြစ်ပါတယ်နော်။မယ်လိုဒီက အေးအေးဆေးဆေးနေတတ်ပြီး ဘာသာတရားလည်းအရမ်းကိုင်းရှိုင်းလို့ သားသားလေးကိုလည်း အခုအရွယ်ကတည်းက ဘုရားစာတွေသင်ပေးထားတာဖြစ်ပါတယ်။ 

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

မယ်လိုဒီက သူမရဲ့ခြံဝန်းလေးထဲမှာ သီးပင်၊စားပင်လေးတွေကို တစ်နိုက်တစ်ပိုင်လေး စိုက်ပျိုးထားတာဖြစ်ပါတယ်။ခြံထွက်သီးနှံလေးတွေကို မယ်လိုဒီက ဟင်းတစ်ခွက်ဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ပြီး ဘုရားကိုလည်း ကပ်လှူထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ မယ်လိုဒီကသားလေးနဲ့အတူ ဘုရားဝတ်ပြုပြီး အေးချမ်းချမ်းနဲ့ကုသိုလ်ယူနေတာဖြစ်ပါတယ်နော်။မယ်လိုဒီတို့သားအမိနှစ်ယောက်ကတော့ တည်ငြိမ်အေးချမ်းစွာနဲ့ ဘုရားဝတ်ပြုနေကြလို့ သူမတို့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ 

Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account
Photo Credit:Melody Myo's Facebook Account

Photo Credit:Melody Myo's Facebook Account
Source&Video Credit:Melody Myo's Facebook Account 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T