ပရိသတ်ကြီးရေ မင်းသမီးချောဆုပန်ထွာကတော့ သားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်တစ်ယောက်ဖြစ်ပြီး သာယာလှပတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။ဆုပန်ထွာရဲ့ချစ်ခင်ပွန်း ကိုဥက္ကာကျော်ကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသလို့ သူတို့မိသားစုသုံးယောက်ဘဝလေးက အရမ်းပျော်ဖို့ကောင်းပါတယ်။ဆုပန်ထွာရဲ့သားချောလေး Roar Roarလေးကလည်း (၃)နှစ်ကျော်အရွယ်လေးနဲ့တင် အရမ်းတတ်နေလို့ ဖေဖေ၊မေမေတို့အတွက် ဆည်းလည်းလေးဖြစ်ပါတယ်နော်။



ဆုပန်ထွာကတော့ သူမတို့မိသားစုလေးကျန်းမာပျော်ရွှင်အောင် ကိုဗစ်ကာလမှာလည်း အထူးဂရုစိုက်နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဆုပန်ထွာက တစ်အိမ်လုံးကို နှံ့နှံ့စပ်စပ်ဆေးဖြန်းလိုက်တာဖြစ်ပါတယ်နော်။ဆုပန်ထွာက"8.12.2020 Covid 19, တအားကြောက်တာ ...ဒီအိမ်လေးထဲ ဒီမိသားစုလေး အကောင်းဆုံးတွေနဲ့ပဲ ကျန်းမာစွာအကြာကြီးအတူတူရှိနေချင်တာအဓိက..အမှန်အတိုင်းပြောရရင် ကိုယ်လည်းပုထုဇဉ်လူသားမို့ သားကိုချစ်ခြင်း၊ ယောက်ျားကိုချစ်ခြင်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်း တွေကြောင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်တော့ မိသားစုအတွက် အားလုံးအတွက်ကောင်းအောင်ကျန်းကျန်းမာမာရှိအောင် ကြိုးစားပေးနေတာ။ Second Wave မှာ အမှန်အတိုင်းပြောရင်ကိုယ်ကိုယ်တိုင်ပေါ့ဆလာမိတာအမှန်။ အလုပ်တွေထွက်လုပ်ရတာလည်းရှိ။ ကိုယ့်အိမ်ထဲလူအဝင်အထွက်များသွားတာကအစပေါ့။"



"အိမ်မှာရိုးရိုးဖျားချင်ချင် ဖြစ်ကြရင်တောင် Covid များလားဟဲ့ဆိုပြီး စိတ်တွေကဂယောက်ဂယက်။ကိုယ်နည်းနည်းနှာစေးချောင်းဆိုးဖြစ်ရင် သားအဖနှစ်ယောက်နဲ့ အခန်းခွဲအိပ်၊သားများနှာစေးချောင်းဆိုးဖြစ်ရင် ကိုယ်တစ်ညလုံးမအိပ်တော့ဘဲ ငုတ်တုတ်ထိုင်ကြည့်ရင်းနဲ့မိုးလင်းရော။တစ်အိမ်လုံးသောက်လိုက်ရတဲ့ဆေး Vitamin ပေါင်းစုံကတစ်မျိုး။ကိုယ်လည်း ဝချင်ဝပါစေ၊ မနက်စာညစာ ၂ပုဂံလောက်ဆီစားပစ်တာကြည့်ဦးမလား။ စားတယ်လေ Vitamins စုံအောင်၊ဒီအချိန်မှာဝချင်ဝပါစေ။အခုကရိုးရိုးဖျားတာကိစ္စမရှိ။ Covid များဖြစ်ရင်ဆိုတဲ့စိတ်နဲ့အကုန်လုံးကြိုတင်မြင်ပြီးစိတ်ကိုကြိုတင်ပြင်ဆင်ရတာလည်းတစ်ဒုက္ခ။"ဆိုပြီး မိသားစုအတွက် ကြိုတင်ကာကွယ်လိုက်တာဖြစ်ပါတယ်နော်။



Source&Photo Credit:Supan Htwar's Facebook Account