ဇာတ်ပို့ဇာတ်ရံ တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် အိအိတုန်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုအပြည့်အဝရရှိထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိအိတုန်ဟာ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် သူမက သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားပြီး ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။


မကြာသေးမှီ ရက်ပိုင်းလောက်က နောက်ထပ်ဒုတိယမြောက်သမီးလေးကိုလည်း အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။ ကလေးမွေးပြီးတဲ့အချိန်မှာလည်း ချစ်တဲ့အနုပညာမောင်နှမတွေက လက်ဆောင်ပစ္စည်းတွေပေးတာကိုလည်း တွေ့ရပါတယ်။ ယခုမှာတော့ အိအိတုန်က မင်းသမီးချောလေး သဇာနွယ်ဝင်းဆီက လိုချင်တဲ့ လက်ဆောင်လေးရတာကြောင့် ဝမ်းသာပျော်ရွှင်ပြီး ပရိသတ်တွေကို ဖော်ပြလာခဲ့ပါတယ်။



ဒီလက်ဆောင်လေးကတော့ ညဝတ်တဲ့ ဝတ်စုံလေးဖြစ်ပြီး မင်းသမီးချောလေး သင်ဇာနွယ်ဝင်းကိုလည်း ကျေးဇူးတင်စကားပြောထားခဲ့ပါသေးတယ်။"ချစ်ကလေးသင်ဇာနွယ်ဝင်းရဲ့လက်ဆောင်အကျီလေးရပါပြီ ချစ်လေးရေတကူးတကလက်ဆောင်လေး ပို့ပေးလို့ကျေးဇူးပါချစ်လေးရေဒီထက်အောင်မြင်ပါစေ" ဆိုပြီးရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ လိုချင်တဲ့ လက်ဆောင်လေးရလို့ ပျော်ရွှင်နေတဲ့ အိအိတုန်လေးကို အရင်ကထက်ချစ်ပေးပါဦးနော်...။
သတင်း အရင်းအမြစ်៖ Source - Ei Tone fb page





