ကိုယ်ပိုင်ဆိုင်သစ်လေးဖွင့်လှစ်နိုင်ခဲ့တဲ့မဆင့်အတွက် ၀မ်းသာပျော်ရွှင်ရင်း ဆိုင်ဖွင့်ပွဲလေးကိုတက်ရောက်အားပေးခဲ့တဲ့ ခိုင်သင်းကြည်

//s9.kh1.co/32/32ab769685e5cd9d7d539734de27caf6a0225661.jpg
အနုပညာရှင်များ

 ၀၈-ဒီ-၂၀၂၀ ၅pm · လွန်ခဲ့သော ၅ နှစ် က

.

မခိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ ခိုင်သင်းကြည်ကတော့ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ပျော်ပျော်နေတတ်တာကြောင့် ပရိသတ်တွေကသာမက အနုပညာရှင်အချင်းချင်းကပါချစ်ခင်လေးစားရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်နော်။ အောင်မြင်မှုတွေအခိုင်အမာသိမ်းပိုက်ထားနိုင်တဲ့ မခိုင်လေးဟာ အကယ်ဒမီဆုကြီးနှစ်ဆုအပြင် အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page

လတ်တလောမှာ မခိုင်လေးတစ်ယောက် အိမ်မှာပဲချစ်ရတဲ့မိသားစုလေးကို အချိန်ပိုပေးဖြစ်နေပြီး သမီးလေးစံထိပ်ထားဦးဟာလည်း ‌မေမေ့ခြေရာနင်းကာ အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်နေပြီး ပရိသတ်အားပေးမှုရရှိနေပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ မခိုင်လေးဟာ အစ်မအရင်းတစ်ယောက်လိုချစ်ရတဲ့ မေသန်းနုရဲ့ဆိုင်ဖွင့်ပွဲလေးကိုသွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်နော်.....။

Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page

မေသန်းနုဟာ အခုအချိန်မှာဆိုရင် မြိတ်ဒေသထွက်အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ရောင်းချနေပြီး "ရွှေဆင့်" ဆိုတဲ့ အမည်နဲ့ ကိုယ်ပိုင်ဆိုင်လေးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက မခိုင်လေးဟာသူမရဲ့ Facebookစာမျက်နှာမှာ "ဒီနေ့”ရွှေဆင့်”ဆိုင်ဖွင့်ပွဲမှာမဆင့်နဲ့အမှတ်တရ......" ဆိုတဲ့ captionလေးနဲ့အတူ ဆိုင်ဖွင့်ပွဲအမှတ်တရပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page
Photo credit-Khine Thin KYI's Facebook page

သတင်း အရင်းအမြစ် Khin Thin KYI's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T