ပြည်သူ့အချစ်တော် မင်းသမီးချောလေးသင်ဇာနွယ်ဝင်းဟာဆိုရင် ချစ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ သူမရဲ့ချိုသာသော အသံလေးလေးက ကလေးလေးသဖွယ် ချစ်စရာကောင်းလှပါတယ်။ သူမဟာဆိုရင်တော့ဖြင့် ရင်သွေးလေး နှစ်ယောက်ရရှိထားပြီဖြစ်ပြီး ယခုချိန်ထိလည်း လှသွေးကြွယ်ကာ ကျက်သရေရှိတဲ့ အလှတရားများကိုပိုင်ဆိုင်ထား သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သင်ဇာက ဘာသာတရားကိုင်းရှိုင်းကာ တည်ငြိမ်ရင့်ကျက်တဲ့အလှတရားများ ကိုလည်းပိုင်ဆိုင်ထား သူတစ်ဦးလည်းဖြစ်ပါတယ်။


သင်ဇာရဲ့ဖက်ရှင်တွေဟာလည်း ခေတ်ရေစီးကြောင်းအတိုင်း ဝတ်စားလေ့ရှိပြီး ၊ မြင်သူတကာရင်ကို အေးမြစေကာ ၊ တည်ငြိမ်ရင့်ကျက်ပြီး ကျက်သရေရှိလှတဲ့ အလှတရားများကို ပိုင်ဆိုင်ထားသူလေး တစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်လည်း သင်ဇာဟာ ညအိပ်ဝတ်စုံလေးနဲ့ လှသွေးကြွယ်နေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ဖေ့စ်ဘွတ် အကောင့်ကနေ တင်ပေးလာခဲ့ပါတယ်။


သူမရဲ့ဝင်းဝါစိုပြေတဲ့ အသားအရေလေးကြောင့် သင်ဇာဟာရိုးရိုးရှင်းရှင်း အပြာရောင်ဝတ်စုံလေးနဲ့လည်း အရမ်းကိုလိုက်ဖက်လွန်းလှပါတယ်။ မိခင်ကောင်းတစ်ဦး ဖြစ်ပြီး ၊ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်းကာ၊ ယခုချိန် ထိလည်း လှပနုပျိုနေဆဲပင်ဖြစ်တဲ့ သင်ဇာ့ရဲ့ ပုံရိပ်လေးတွေကိုပရိသတ်တွေ အတွက်ဖော်ပြပေးလိုက်ပါတယ်။



သတင်း အရင်းအမြစ်៖ Thinzar Nwe WIN - Fb page