ပရိသတ်ကြီးရေ သရုပ်ဆောင်ရန်ကျော်နဲ့ အဆိုတော်မေခလာတို့ အနုပညာရှင်နှစ်ယောက်ကတော့ ဖူးစာပါပြီး နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်နော်။မေခလာက သမီးချောလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီး ပြည့်ပြည့်လေးက (၁၈)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။မေခလာကတော့ လက်ရှိအချိန်ထိ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး ရန်ကျော်ကအနုပညာအလုပ်တွေနဲ့နည်းနည်းဝေးကွာနေတာဖြစ်ပါတယ်နော်။


ရန်ကျော်က ချစ်ဇနီးလေးမေခလာရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး လိုလေသေးမရှိအောင်အမြဲဂရုစိုက်ပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်။မေခလာကလည်း စကားပြောပွင့်လင်းပြီး စိတ်ထားဖြူစင်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်နော်။မေခလာတို့မိသားစုသုံးယောက်က ချစ်ခင်စည်လုံးကြပြီး ပျော်ပျော်နေတတ်ကြလို့ အရမ်းကြည်နူးဖို့ကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။



မေခလာနဲ့ရန်ကျော်တို့က သမီးလေးပြည့်ပြည့်ကိုလည်း မိဘမေတ္တာနဲ့ စောင့်ရှောက်ပေးကာ အချစ်တွေအပြည့်ပေးထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ ရန်ကျော်က သူတို့မိသားစုရဲ့ အမှတ်တရပုံရိပ်လေးတွေကို ဗီဒီယိုလေးနဲ့ စုစည်းထားတာဖြစ်ပါတယ်။ဟိုးအရင်ကတည်းက အေးအတူပူအမျှနဲ့ လက်တွဲလာပြီး သမီးလေးတစ်ယောက်ရတဲ့အထိ ချစ်ခင်ကြင်နာကြတဲ့ ရန်ကျော်တို့မိသားစုရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit:Yan Kyaw's Facebook Account
Source&Video Credit:Yan Kyaw's Facebook Account