သရုပ်ဆောင်ညီနန္ဒကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ ညီနန္ဒကတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသမီးလေးကို ပိုင်ဆိုင်ထားပြီး မိသားစုလေးကိုအပြည့်အဝအချိန်ပေးကာ ဂရုစိုက်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။


ညီနန္ဒကတော့ ကိုယ်ပိုင်စီးပွားရေးအလုပ်ဖြစ်တဲ့ ထောပတ်ထမင်းရောင်းတဲ့အလုပ်ကိုလုပ်ကိုင်လျက်ရှိနေသလို အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ ညီနန္ဒကတော့ ယခုမှာ ကားရိုက်ဖို့အတွက် မင်းသားချောလေးနေယံရဲ့အိမ်အထိသွားပြီး အဝတ်အစားတွေအများကြီးကို ဝယ်ယူအားပေးခဲ့ပါတယ်။ ယခုမှာတော့ ညီနန္ဒရဲ့သမီးလေးဟာ နေယံလက်ဆောင်ပေးလိုက်တဲ့ အင်္ကျီလေးကိုအရမ်းကြိုက်လို့ မချွတ်တော့ဘဲဝတ်ထားခဲ့ပါတယ်။



ညီနန္ဒကတော့ " ချစ်ညီလေး Nay Yan ရေ...ညီလေး ကိုယ့်အတွက်လက်ဆောင်ပေးလိုက်တဲ့အက်ျီလေး သမီးလေး အရမ်းကြိုက်ပြီး မချွတ်တော့ဘူး...Thank u so much par. "ဆိုပြီး သမီးလေးရဲ့ ပုံလေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ညီနန္ဒသမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။
Source : Nyi Nanda ' s facebook acc

