ချစ်ပရိသတ်ကြီးရေ အဆိုတော်ကြီးတွေဖြစ်ကြတဲ့ ဆုန်သင်းပါရ်နဲ့ ချောစုခင်တို့ကတော့ ညီအစ်မ အရင်းတွေလို ခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ။ ပရိသတ်အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်လျှောက်လှမ်းနေကြတဲ့ သူတို့နှစ်ယောက်က တစ်ကိုယ်တော် အယ်ဘမ်လ်များစွာကိုလည်း ထွက်ရှိ အောင်မြင်ထားတာပဲဖြစ်ပါတယ်။


သူတို့ သီဆိုထားတဲ့ တေးသီချင်းတွေက ယနေ့ခေတ်လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားထိအောင် ဆွဲကျန်ရစ်တာဖြစ်ပြီး ဘယ်သောအခါမှ မရိုးနိုင်တာကိုလည်း တွေ့ရပါတယ်။ ပျော်ရွှင်စရာ ကိုယ်ပိုင်မိသားစုလေးတွေကို တည်ဆောက်ထားတဲ့ သူတို့ သူငယ်ချင်း နှစ်ယောက်က မကြာခဏဆုံတွေ့လေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း တွေ့ဆုံမိကြောင်း လူမှုကွန်ယက်ထက်မှာ မျှဝေလာခဲ့ပါတယ်....။


ဒါကတော့ " မင်္ဂလာရှိတဲ့နေ့လေးပါ မဆုံရတာ အရမ်းကြာပြီဖြစ်တဲ့ချစ်ရတဲ့ စီ့ချောစုအလည်လာ သူ့ညီမအတွက်မွေးနေ့လက်ဆောင် နှင့် SZNLရဲ့လက်ဆောင်ပါ ယူလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် (ကျန်တဲ့အစ်မတွေဆီကတော့ မရတော့ဘူးထင်ပါရဲ့)၊ ချယ်ရီမြို့ရဲ့ သီချင်းပိုင်ရှင်ကြီး ဆရာစံပီး ရဲ့ အသစ်စက်သစ် Christmas From Home CD အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ရပါတယ်။ Onze Bakery ရဲ့ Cheese အပြည့် Christmas Cake လည်းအရမ်းကောင်း " ဆိုတဲ့ စာသားလေးကို ရေးသားလာတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်.....။



သတင်း အရင်းအမြစ်៖ Photo credit - Sung Tin Par's FB account





