ပရိသတ်ကြီးရေ.. ခေးလေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ ပြည်သူ့အသည်းကျော်ယွန်းဝတီလွင်မိုးကတော့ အောင်မြင်တဲ့အနုပညာရှင်အဖြစ်ရပ်တည်နေသလို ချစ်စရာသားလေးနဲ့အတူ ကြည်နူးအားကျစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။
ခေးကတော့ ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံခြားမှာကျောင်းတက်နေပြီး မြန်မာပြည်ပြန်လာတဲ့အချိန်လေးတွေမှာလည်း ကြော်ငြာတွေရိုက်ကူးပေးနေသလို ဇာတ်ကားတွေလည်းရိုက်ကူးကာ အနုပညာအလုပ်တွေလုပ်ဆောင်နေသူပဲ ဖြစ်ပါတယ်နော်..။


သူမရဲ့လှုပ်ရှားမှုလေးတွေနဲ့ဖမ်းစားတတ်တဲ့ ခေးလေးဟာ အခုတစ်ခါမှာလည်း လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိရှိ အချစ်ပိုစေပြန်ပါတယ်နော်..။
ကလေးတစ်ယောက်မိခင်လို့ ထင်ရက်စရာမရှိလောက်အောင်ကို ကျော့ရှင်းတဲ့အလှတရားတွေနဲ့ လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေက တကယ်ကို ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းနေတာပါ..။



"streeet fashion ??.." ဆိုပြီး သူမရဲ့ကျော့ရှင်းပြီး ဆွဲဆောင်မှုတွေရှိလွန်းနေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ခေးလေးက ဝေမျှထားတာ ဖြစ်ပါတယ်နော်..။
လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်စတိုင်လ်လေးနဲ့ တစ်မျိုးလေးဆွဲဆောင်မှုတွေရှိလွန်းနေတဲ့ ခေးလေးယွန်းဝတီရဲ့ ပုံရိပ်လေးတွေကို ပုံရိပ်လေးတွေကတော့ တကယ်ကို ချစ်စရာကောင်းနေတာတော့ အမှန်ပါပဲနော်..။



သတင်း အရင်းအမြစ်៖ Yun Waddy Lwin Moe's Fb Page





