ဂန္တဝင်မင်းသမီးကြီး ခင်သန်းနုရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့လေးကို အမှတ်တရလေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာတဲ့ မျိုးမင်းစိုး

//s9.kh1.co/92/92fe2423b200a30fb21f4371af7b91ea95c6111a.jpg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၀ ၆pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ တစ်ခေတ်တခါက အနုပညာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ ဂန္တဝင်မင်းသမီးကြီးထပ်ဆင့်အကယ်ဒမီ ခင်သန်းနုကို သိကြမယ်ထင်ပါတယ်။ အကယ်ဒမီ ခင်သန်းနုက ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့မှာတော့ (၇၅)နှစ်​မြောက်​မွေး​နေ့လေးကို ကျရောက်ခဲ့ပါတယ်။ မင်းသမီးကြီး ခင်သန်းနုရဲ့ ယနေ့ကျရောက်တဲ့ မွေးနေ့လေးကို မောင်နှမတွေလို ချစ်ရတဲ့ ဒီဇိုင်နာ မျိုးမင်းစိုးက ချစ်စရာပုံလေးတွေနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလာခဲ့ပါတယ်။

Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account

"Happy Birthday ပါအန်တီနု(အကယ်ဒမီခင်သန်းနု)ကျွန်​တော့်ကို အမြဲဆုံးမသွန်သင်တတ်တဲ့အန်တီနု.....ကျွန်​တော့်ကိုကောင်း​သောအကြံညဏ်​တွေအမြဲ​ပေးတတ်တဲ့အန်တီနု.....ကျွန်​တော်ကိုဆောင်ရန်​ရှောင်ရန်​တွေ အမြဲ​ပြောတတ်တဲ့အန်တီနု......ကျွန်​တော့်ကိုအ​​ပေါင်း​ကြောင့်ဂုဏ်တတ်သလိုအ​ပေါင်း​ကြောင့် ဂုဏ်ပျက်တတ်​ကြောင်းတွေ အမြဲ​ဆုံးမတတ်တဲ့အန်တီနု.....ကျွန်​တော့်ကို ပိုက်ဆံစု​ဆောင်းဖို့နဲ့ မိဘကိုလုပ်​ကျွေးဖို့အမြဲမှာတတ်တဲ့အန်တီနု....ကျွန်​တော့်ကိုကျန်းမာ​ရေးလိုက်စားခိုင်းပြီးသူ​နေရာနဲ့သူဝတ်တတ်​နေတတ်စားတတ်ဖို့​တွေ့တိုင်း​ပြောတတ်တဲ့အန်တီနု....ကျွန်​တော်ကို မနက်အိပ်ယာထတိုင်းgood morning ညအိပ်ခါနီးတိုင်good Night လို့ဖုန်းဆက်ပြီးသတိတရ​ပြောတတ်တဲ့အန်တီနု......

Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account

ယ​နေ့ကျ​ရောက်တဲ့ (၇၅)နှစ်​မြောက်​မွေး​နေ့မှစလို့သက်​ကျော်ရာ​ကျော်ရှည်ပြီးအနာမျိုးကင်း​ဝေးပါ​စေ....ချစ်ခင်ရတဲ့ မိသားစုနဲ့ အတူ​ထာ၀ရလှပစွာပျော်ရွှင်ချမ်း​မြေ့ပါ​စေ........မနှစ်က​​မွေး​နေ့တော့ ကျွန်​တော်ကိုယ်တိုင်သွားပြီး အန်တီနုခြံထဲမှာbirthday supriseလုပ်​ပေးဖြစ်​ခဲ့တယ်...

ဒီနှစ်​မွေး​နေ့မှာလည်း​မောင်တို့ချယ်ရီ​မြေပုံစံ​လေးကျွန်​တော်ကို ဝင်ဦးပုံစံ​လေးဝတ်ခိုင်းပြီးအမှတ်တရTiktokရိုက်ဖို့စီစဥ်ထား​ပေမဲ့ကိုဗစ်​ကြောင့်မသွားနိင်ခဲ့ဘူး......ဂန္တဝင်မင်းသမီးကြီးထပ်ဆင့် အကယ်ဒမီခင်သန်းနု သက်​ကျော်ရာ​ကျော်ရှည်ပါ​စေ နောက်ဆုံးပုံလေးကဒီနေ့မွေးနေ့အတွင်း ကျွန်တော်ချုပ်ပေးထားတဲ့ဝတ်စုံလေးနဲ့အမှတ်တရပါ"ဆိုပြီး ရေးသားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်တွေလည်း ဂန္တဝင်မင်းသမီးကြီး ခင်သန်းနုကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account
Photo Credit - Myo Min Soe fb account

သတင်း အရင်းအမြစ် Source- Myo Min Soe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T