ဝါရင့်သရုပ်ဆောင် မင်းသားကြီးလွင်မိုးကတော့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုးဆိုတဲ့ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ လွင်မိုးရဲ့သမီးလေးနှစ်ယောက်လုံးက ကလေးဘဝအရွယ်ကတည်းက ကြော်ငြာလေးတွေရိုက်ကူးခဲ့ရပြီး ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ယွန်းတို့ညီအစ်မက အရွယ်ရောက်လာတဲ့အခါမှာလည်း အနုပညာလှုပ်ရှားမှုတွေကို အတူတကွလုပ်ကိုင်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။


လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင်ရရှိနေပြီ ဖြစ်ပါတယ် ။ ကျောင်းမပြီးသေးတဲ့ ယွန်းဝတီလွင်မိုးက သူမရဲ့သားလေးကို ဖေဖေ၊မေမေ၊ညီမလေးတို့နဲ့ ခဏထားခဲ့ပြီး နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ညီမလေးယွန်းနဒီလွင်မိုးက အစ်မဖြစ်တဲ့ယွန်းဝတီလွင်မိုးကို သတိရလွမ်းဆွတ်ရင်း ပုံလေးတွေကို အလွမ်းပြေတင်ထားတာ ဖြစ်ပါတယ် ။



ယွန်းနဒီလွင်မိုးက သူမတို့ညီအစ်မနှစ်ယောက်ရဲ့ရှားရှားပါးပါး အမှတ်တရပုံလေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ် ။ ယွန်းနဒီလွင်မိုးနဲ့ ယွန်းဝတီလွင်မိုးတို့ညီအစ်မကတော့ ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက်ကို အရမ်းချစ်ကြတာဟာဆိုရင် ယနေ့အချိန်အထိတိုင်အောင်ပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်စရာကောင်းတဲ့ ယွန်းဝတီလွင်မိုးတို့ညီအစ်မနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Yunnaddy's IG Acc








