မင်းသားကြီး နေမျိုးအောင်ကို အနုပညာသရဲကြီးလို့ စကားလုံးအဆန်းတွေနဲ့ ဥပမာပေးကာ ချီးကျူးလာတဲ့ ထူးခန့်ကျော်

//s9.kh1.co/53/53ba3f329f88d493ccee7611b70c062dd4ad4218.jpg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ ယခုလက်ရှိ MRTV-4မှာ ထုတ်လွှင့်ပြသနေတဲ့ " မမှီဝဲနဲ့ ကင်းအောင်နေ " ရုပ်သံဇာတ်လမ်းတွဲလေးက အတော်လေး လူကြိုက်များ အောင်မြင်နေတာပါ။ ဒီဇာတ်ကားထဲမှာ ဝါရင့် အနုပညာရှင်များစွာ ပါဝင်ရိုက်ကူးအားဖြည့်ထားပြီး တကယ့်အနှစ်သာရပြည့်၀တဲ့ ဇာတ်ကားကောင်းအဖြစ်အများက သတ်မှတ်ကြတဲ့အထဲမှာ သရုပ်ဆောင် ထူးခန့်ကျော်ကလည်း အပါအဝင်ပါပဲ။ သူကတော့ အနုပညာညီအစ်ကိုဖြစ်တဲ့ သရုပ်ဆောင် မင်းသားကြီး နေမျိုးအောင်ရဲ့ အရည်အချင်းကို အခုလို ချီးကျုးထားတာပါ။ 

Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 

" သရဲကြီး ဟုတ်ပါတယ်သူဟာအနုပညာလောကမှာသရဲကြီးပါ ဦကျော်ဟိန်းကိုတော့အနုပညာဘီလူးကြီးလို့တင်စားသလို ကျွန်တော်ကတော့အကိုနေမျိုးအောင်ကိုလေးစားစွာဖြင့် အနုပညာသရဲကြီးလို့တင်စားပါရစေ အိုက်တင်နဲ့ပတ်သက်သောအရာမှန်သမျှကြိုက်တာလာခဲ့သနားတယ်ဆိုတဲ့သရဲကြီး ဒီလောကမှာဦးကျော် ကိုသားကြီး ကိုကျော်ရဲအောင် ကိုနေမျိုးအောင် အဲ့ဒီသရုပ်ဆောင်တွေဟာ အနုပညာလောကမှာတော့ရှားပါးရတနာမျိုးတွေပါ အကိုနေမျိုးအောင်နဲ့အနုပညာလုပ်ငန်းမှာဆုံးဖူးတယ်ဆိုပေမဲ့ ယခု ပြသနေသောမမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာတော့နေတိုင်းဆုံးဖူးကြတယ်.... 

Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 

အနုပညာနဲ့ပတ်သက်လာရင်အရမ်းကြိုးစားတယ် သူ့ကိုယ်သူမသနားဘူး သူဘာဖြစ်သွားမလဲဆိုတာလဲသူမတွေးမိဘူး အနုပညာနဲ့သာဆိုရင် သေသေကြေကြေဆိုတဲ့ အနုပညာသမားစစ်ပေါ့ စိတ်ရင်းအင်မတန်ကောင်းသလိုအနုပညာအခြေကလဲခိုင်လွန်းလှတယ်လေ မည်သူ့ကိုမဆိုအနုပညာနဲ့ပတ်သက်လာရင်သွန်သင်ပြသပြီးလက်ဆွဲခေါ်ဆောင်သူ ဘာသာတရားကိုင်းရှိုင်းသူဖြစ်သလို မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့ဇာတ်လမ်းတွဲမှာတော့ဆရာဦးဟိန်းစိုး ဆရာဦးမောင်သီတို့နဲ့ပေါင်းဖက်ပြီးဦးခင်ဖေအဖြစ်သရုပ်ဆောင်ထားတာအရမ်းပီပြင်လှသော ရှားပါးသရုပ်ဆောင်ကြီးပါ မထင်မှတ်ပဲဒီဇာတ်လမ်းတွဲမှာအကိုနေမျိုးအောင်နှင့်အတူ ပါဝင်သရုပ်ဆောင်ခွင့်ရလို့လဲအထူူးပင်ပီတိဖြစ်မိပါတယ် ကျွန်တော်၏Fbမှအမျိုးအပေါင်းသူတော်ကောင်းတို့ကလဲ ဦးခင်ဖေခေါ်အကိုနေမျိုးအောင်(အနုပညာသရဲကြီး)ကိုအားပေးကြပါအုံးလို့ " ဆိုပြီး ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်......။

Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 
Photo credit - Htoo KhantKyaw's Facebook account 

သတင်း အရင်းအမြစ် Photo credit - Htoo KhantKyaw's Facebook account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T