ပရိသတ်ကြီးရေ အဆိုတော်မေခလာကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်ပြီး Live Salesတွေလည်း လွှင့်နေတာဖြစ်ပါတယ်နော်။မေခလာက သရုပ်ဆောင်ရန်ကျော်နဲ့လည်း ပျော်ရွှင်စရာဇနီးမောင်နှံဘဝကို ဖြတ်သန်းနေပြီး ချစ်စရာသမီးလေးတစ်ယောက်လည်းရှိပါတယ်။မေခလာရဲ့ချစ်ခင်ပွန်း ဦးရန်ကျော်ကလည်း ဇနီးသည်ရဲ့နောက်ကို တကောက်ကောက်လိုက်ပြီး အမြဲဂရုစိုက်ပေးတာဖြစ်ပါတယ်။



မေခလာကတော့ ပွင့်ပွင့်လင်းလင်းနဲ့စိတ်သဘောထားပြည့်ဝလို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်နော်။မေခလာရဲ့သမီးချောလေးပြည့်ပြည့်ကလည်း နာမည်လေးနဲ့လိုက်အောင် ဝဝကစ်ကစ်လေးနဲ့ချစ်စရာကောင်းပြီး အေးအေးဆေးဆေးနေတတ်တဲ့ကလေးဖြစ်ပါတယ်။ပြည့်ပြည့်လေးက ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေပြီဖြစ်လို့ ဝိတ်ကိုလည်းအပြင်းအထန် Dietလုပ်ပြီး ချလိုက်တာဖြစ်ပါတယ်နော်။



ပြည့်ပြည့်က ဝိတ်ကျသွားလို့ ပိုပိုလှလာပြီး ဆယ်ကျော်သက်အရွယ်မှာ လှသွေးကြွယ်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း ပြည့်ပြည့်လေးက မေမေတောင် တားလို့မရတော့တဲ့အထိ နေ့တိုင်းဓာတ်ဖမ်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပြည့်ပြည့်လေးက ဆွဲဆောင်မှုရှိရှိ ပိုစ့်လေးတွေပေးပြီး အရမ်းချစ်စရာကောင်းနေလို့ သူမရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



Source&Photo Credit:Pyae Pyae's Facebook Account





