မင်းသမီးဆုပန်ထွာက အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားသူပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိအနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ချောမောလှပနေတုန်းပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆုပန်ထွာက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာ သားလေးတစ်ယောက်ကိုမွေးထားပါသေးတယ်။


သူမ သားလေးရဲ့ နာမည်လေးကိုလည်း Roar Roar လေးလို ပေးထားပြီး တစ်ဦးတည်းသော သားလေးဖြစ်ကာ ဖေဖေမေမေတို့ရဲ့ အသည်းကျော်လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆုပန်ထွာက သားလေးကို ပရိသတ်တွေချစ်အားပိုအောင်လည်း လှုပ်ရှားမှုလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း မေမေဆုပန်ထွာက ပရိသတ်တွေ ချစ်အားပိုလောက်မယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။


ဒီဗီဒီယိုလေးကတော့ ဒီဇင်ဘာလလေးမှာကျရောက်မယ့် ခရစ်စမတ်နေ့လေးအတွက် သားလေး Roar Roar လေးနဲ့အတူ ခရစ်စမတ်သီချင်းဆိုထားတဲ့ Music Video လေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သားလေး Roar Roarလေးကလည်း ခရစ်စမတ်သီချင်းလေးကို ဆိုထားတာလေးက ချစ်စရာကောင်းလောက်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ သားလေး Roar Roarလေးနဲ့အတူ ခရစ်စမတ် သီချင်းလေးကို သီဆိုထားတဲ့ ဆုပန်ထွာရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Video Credit & Source - Roar Roar fb page