ကွယ်လွန်သွားပြီဖြစ်သောအထင်ကရပုဂ္ဂိုလ်များရဲ့အုတ်ဂူတွေကိုသန့်ရှင်းရေးပြုလုပ်ကာပရဟိတသစ္စာဆိုခဲ့ကြတဲ့ ကျော်သူတို့ဇနီးမောင်နှံ

//s9.kh1.co/53/539c7675ce6ea1fc0f6bfea584d73ce152c37c26.jpeg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၅ နှစ် က

.

ပရဟိတသူရဲကောင်းအဖြစ် ပရိသတ်တွေ လေးစားအားကျနေရသူကတော့  သရုပ်ဆောင်  မင်းသားကြီး  ကျော်သူပဲ  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်က  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ကွယ်လွန်သွားပြီဖြစ်သောအထင်ကရပုဂ္ဂိုလ်များရဲ့အုတ်ဂူတွေကိုသန့်ရှင်းရေးပြုလုပ်ကာပရဟိတသစ္စာဆိုခဲ့ကြတဲ့ ပုံလေးတွေကို ဝေမျှထားတာပဲ  ဖြစ်ပါတယ်။

Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 

သူကလည်း " ဘဘဦးသုခကွယ်လွန်ခြင်း(၁၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပရဟိတသစ္စာဆိုခဲ့ကြ

=============================

ဘဝခုံရုံးမှာ

တရားလို မဖြစ်လိုပါ။

တရားခံ မဖြစ်လိုပါ။

သက်သေ မဖြစ်လိုပါ။

ပြောလာသမျှစောဒကမတက်လိုပါ။

လောကဓံတရား ထိုရှစ်ပါး

ဘုရားသော်မှ ငြင်းမရ

မင်းကဘာမို့လဲဟု

အမြဲဆင်ခြင်နေလိုပါသည်။

Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 

" သုခိအတ်တာနံ ပရိဟရန်တု "

ဒါရိုက်တာ စာရေးဆရာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဦးဆောင်ပဓာန နာယကကြီး ဘဘဦးသုခ ကွယ်လွန်ခြင်း(၁၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ (၇.၁၂.၂၀၂၀) နံနက်(၇း၀၀)နာရီအချိန်တွင် ရေဝေးသုသာန်သို့နာရေးကူညီမှုအသင်း(ရန်ကုန်)မှ  ဥက္ကဌ ဦးကျော်သူ ၊ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် နှင့်ရုပ်ရှင်သရုပ်ဆောင် အသင်းသား ထွန်းကိုကို ၊ ဇွဲလရောင် တို့နှင့်အတူ အသင်းသူ/သားများ၊ ဝန်ထမ်းများကသွားရောက်၍ ဘဘဦးသုခ၏ အုတ်ဂူအား သန့်ရှင်းရေးပြုလုပ်ခဲ့ကြပြီး စာရေးဆရာ ဦးအောင်သင်း ၊ ဟံသာဝတီဘဘဦးဝင်းတင် နှင့် စာရေးဆရာ ဗေဒင်လက္ခဏာ ဂမ္ဘီရဆရာကြီး မင်းသိင်္ခ ၊ ပရဟိတဂီတသူရဲကောင်း ဦးရဲလွင်(မစ္ဆျိမလှိုင်း၊ပန်းရဲ့လမ်း) နှင့် အခြားသော ကွယ်လွန်သွားကြသူတို့၏ အုတ်ဂူတို့တွင် သန့်ရှင်းရေးများပြုလုပ်ပေးကာ ဦးခိုက်ကန်တော့၍ ပရဟိတသစ္စာဆိုခဲ့ကြသည်။

ဤသို့ကောင်းမှုဂါဝပွဲအား နံနက်စာလာရောက်အဟာရကုသိုလ်ယူကြသည့် အသင်းသား/သူများဖြစ်ကြသော ကိုတင်ကိုကိုနိုင်၊မမေသူ၊မခင်ဌေးကြွယ်တို့ အဖွဲ့အားလည်းအထူးကျေးဇူးတင်ရှိပါသည်။ " ဆိုပြီး ရေးထားတာပဲ  ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက်  ရပါတယ်နော်။

Source and Photo Crd- Kyaw Thu’s Facebook Account 

Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Photo Crd- Kyaw Thu’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T