ကိုပေါက်ကတော့ အနုပညာလောကမှာ ဘက်စုံတော်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးလို့တောင် ဆိုနိုင်ပါတယ်နော်။ ကဗျာတွေ၊ ဇာတ်ညွှန်းတွေရေးသလို ဒါရိုက်တာအဖြစ်လည်း ဇာတ်ကားတွေရိုက်ကူးတဲ့ ကိုပေါက်က သရုပ်ဆောင်ပိုင်းမှာလည်း အရည်အချင်းပြည့်ဝနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ကိုပေါက်က ချစ်ခင်အားပေးသူပရိသတ်တွေ အများအပြားကိုပိုင်ဆိုင်ထားရပြီး အောင်မြင်မှုရရှိနေတာပဲ ဖြစ်ပါတယ် ။


အိမ်ထောင်ကျပြီး သားလေးနှစ်ယောက်ပိုင်ဆိုင်ခဲ့တဲ့ ကိုပေါက်က ချစ်ရတဲ့ဇနီးသည်နဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်နေတာ ဖြစ်ပါတယ် ။ ကိုပေါက်က ပျော်ပျော်နေတတ်သူဖြစ်သလို ပရိသတ်တွေကိုလည်း ပျော်ရွှင်ရယ်မောစရာ ဟာသတွေတင်ဆက်ပေးတတ်သူ ဖြစ်ပါတယ် ။ အခုလည်း ကိုပေါက်က အခွီတလိုင်းပုံစံနဲ့ ရိုက်ကူးထားတဲ့ Tik Tok ဗီဒီယိုလေးကို အသစ်တင်ပေးထားတာ ဖြစ်ပါတယ် ။



ဒီဗီဒီယိုလေးမှာ ကိုပေါက်က အသက်ဘယ်လောက်ပဲရောက်ရောက် (၁၈) နှစ်အရွယ်ကောင်မလေးတွေကိုသာ ကြိုက်ကြောင်းပြောပြီး သရုပ်ဆောင်ပြထားတာ ဖြစ်ပါတယ် ။ ယောက်ျားလေးတွေရဲ့ခိုင်မြဲသောသစ္စာတရားကို ရုပ်တည်ကြီးနဲ့ပြောနေတဲ့ ကိုပေါက်ရဲ့ပုံစံကတော့ တကယ့်ကိုခွီနေရတာ ဖြစ်ပါတယ် ။ ကဲ တွေးတွေးရင်းနဲ့ရယ်နေရမယ့် ကိုပေါက်ရဲ့ဟာသ Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-Ko Pauk's FB Page

