မျက်နှာတစ်ခြမ်းလေဖြန်သွားတဲ့ ဦးငြိမ်းချမ်းအိမ်ကို သွားရောက်ပြီး ထောက်ပံ့အလှူငွေများ သွားရောက်ပေးအပ်ခဲ့တဲ့ ဦးကောင်းကျော်

//s9.kh1.co/b7/b7a04d8e2920b0e28a71429f851391f413c847af.jpg
အနုပညာရှင်များ

 ၀၇-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၅ နှစ် က

.

ပရိသတ်ကြီးရေ ဟာသလူရွှင်တော်သရုပ်ဆောင် ဦး​ငြိမ်းချမ်းကတော့ တန်ဆောင်မုန်းလပြည့်ညလေးမှာ ရွှေတိဂုံဘုရားသွားရောက်ကာ ကောင်းမှုကုသိုလ်လုပ်ပြီးအပြန်မှာ မထင်မှတ်ဘဲ ညာဘက်မျက်လုံးနဲ့ပါးတစ်ခြမ်း လေဖြန်သွားတာကို ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ လတ်တလောမှာတော့ ဦးငြိမ်းချမ်းက အနုပညာအလုပ်တွေ ခဏတာရပ်နားထားပြီး " ချွန်တွန်း" လူရွှင်တော် ပရဟိတအသင်းလေးမှာ လုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

Photo Credit  - Nyein Chan fb account
Photo Credit - Nyein Chan fb account
Photo Credit  - Nyein Chan fb account
Photo Credit  - Nyein Chan fb account

စိတ်သဘောထားအလွန်ပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်တာကြောင့် အနုပညာမောင်နှမတွေကလည်း ချစ်ခင်လေးစားနေရတာ ဖြစ်ပါတယ်။ မျက်နှာတစ်ခြမ်းလေဖြန်သွားတဲ့နေ့မှာဘဲ ချစ်တဲ့သူတွေက စိတ်ပူခဲ့ရပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း ညီအစ်လိုချစ်ရတဲ့ ဦးကောင်းကျော်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ဦးငြိမ်းချမ်းနဲ့အတူ တွဲရိုက်ထားတဲ့ ပုံလေးတွေကို တင်ပေးထားခဲ့ပါတယ်။

Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account
Photo Credit -U Kaung Kyaw fb account

အဲ့ဒီပုံလေးတွေကတော့ မျက်နှာတစ်ခြမ်းလေဖြန်သွားတဲ့ ဦး​ငြိမ်းချမ်းအတွက် စေတနာထားပြီး ချစ်ကြတဲ့ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေများကို သွားရောက်လှူဒါန်းပေးတာနဲ့ အတူ အားပေးစကားတွေပြောခဲ့တဲ့ ကြည်နူးစရာပုံလေးတွေပဲ ဖြစ်ပါတယ်။ ကဲ... ချစ်ပရိသတ်တွေလည်း မျက်တစ်ခြမ်းလေဖြန်နေတဲ့ ဟာသသရုပ်ဆောင် ဦးငြိမ်းချမ်းကို ကျန်းမာရေးမြန်မြန်ကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါဦးနော်....။

သတင်း အရင်းအမြစ် Source - U Kaung Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T