ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်ထားနိုင်သူကတော့ ဇာတ်ပို့သရုပ်ဆောင် ရဲလေးမပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေအကြိုက် မိန်းမလျာဇာတ်ရုပ်ကို အံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။



ဗီဒီယိုဇာတ်ကားခေတ်မရှိတော့တာကြောင့် အရင်လိုကားရိုက်ကူးမှုတွေ မရှိတော့ဘဲ ဝမ်းရေးအတွက် မုန့်ဟင်းခါးရောင်းချကာ မိသားစုကို ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လတ်တလောမှာလည်း အွန်လိုင်းကနေ live လွှင့်ကာ လူသုံးကုန်ပစ္စည်းတွေကို ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။


ပရိသတ်တွေကို အပန်းပြေစေရန်လည်း သီချင်းလေးတွေကပြရင်း ဈေးရောင်းနေတာပါ။ မနေ့ညပလည်း ရဲလေးမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ နီနီခင်ဇော်ရဲ့သီချင်းလေးနဲ့ကိုယ်လုံးလေးကိုလှုပ်ကာအပီအပြင်ဒွန့်နေတဲ့ ရဲလေးမရဲ့Tik Tok ဗီဒီယိုလေးပဲ ဖြစ်ပြီး ပရိသတ်တွေလည်းကြည့်ရှုခံစားနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Ye Lay Ma’s Facebook and Tik Tok Account





