ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ်ရင်ကိုထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။


အေးမြတ်သူဟာ အခုချိန်ထိလည်းအရွယ်တင်နုပျိုနေဆဲဖြစ်ပြီး သူမရဲ့အလှတရားတွေဟာဆိုရင်လည်း ဆယ်ကျော်သက်တွေအရှုံးပေးရလောက်အောင်ကို လှပနေတာပါ။ အေးမြတ်သူဟာ အသက်(၃၀)ကျော်လို့ထင်ရက်စရာမရှိအောင်ကို ခန္ဓာကိုယ်ပိုင်းရော၊အသားအရည်တွေပါ လှပနေတဲ့မင်းသမီးချောတစ်ယောက်ဖြစ်ပါတယ်။ အေးမြတ်သူဟာ ကျန်းမာရေးလိုက်စားတဲ့ မင်းသမီးတစ်ယောက်လည်းဖြစ်ပြီးတော့ သူမရဲ့ ဘော်ဒီလေးဟာဆိုရင်လည်း အားကျစရာကောင်းနေတာပါ။


မကြာသေးမီကတော့ အေးမြတ်သူဟာ သူမရဲ့ Facebook pageလေးမှာ "တေင့်တင်းခိုင်မာတဲ့ပေါင်တံ...........ကျစ်လစ်တဲ့တင်းပါး.........
.....သေးသွယ်တဲ့ခါး..... ကို ပိုင်ဆိုင်ချင်တာ
မမြတ်လေးရဲ့ ငယ်ဘဝ အိမ်မက်တခုပါ....ခုတော့လမ်းစလေးမြင်ရပြီရှင့်...ထပ်ကြိုးစားရမယ်..နိုင်ငံ့ဂုဏ်ဆောင် Miss ဖြစ်ချင်ခဲ့တာလည်း ရူးသွပ်မှု့တခုပေါ့...လက်ရှိနိုင်ငံ့ဂုဏ်ဆောင်ခွင့်ရမယ့်ညီမတွေ နဲ့ နောင်ကိုနိုင်ငံ့ဂုဏ်ဆောင်ခွင့်ရမယ့်ညီမတွေ အများကြီးကြိုးစားစေချင်တယ်.... အမလို အသက်ကြီးတဲ့ အမျိုးသမီး က ကြိုးစားချင်ပေမယ့်အခွင့်အရေးမရတော့ဘူး ...အခွင့်အရေးရှိတဲ့ညီမတွေ ကြိုးစားပေးကြပါနော်....အင်တာနေရှင်နယ်အဆင့်မမှီတဲ့ အရပ် နဲ့ ကြီးရင့်လာတဲ့အသက်နံပါတ်တွေကြောင့်.... ကိုယ့်ဘော်ဒီ ကိုတော့ အင်တာနေရှင်နယ်နေမှီအောင် ကြိုးစားနေပါတယ်လို့......" ဆိုပြီး ရေးသားကာ အလန်းစားပုံတွေတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။



သတင်း အရင်းအမြစ်៖ Aye Myat Thu's Facebook page





