ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ မင်းသားချောလေး အောင်မင်းခန့်က လက်ရှိမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် အကောင်းဆုံးကြိုးစားနေတာကို မြင်တွေ့ရမှာပါ။ စမတ်ကျပြီး အထာကျတဲ့ ပုံစံလေးတွေကြောင့် ကောင်မလေးတွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။
![ Photo Credit : Aung Min Khant Facebook Account](https://s9.kh1.co/__image/w=650,h=796,q=100/81/817b1114de44a4dcbf6ec09471b32ceb9b0dda6c.jpeg)
![ Photo Credit : Aung Min Khant Facebook Account](https://s9.kh1.co/__image/w=650,h=796,q=100/72/728fb7204a30e77c6a78676e45c1bc51790fe652.jpeg)
သူကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲများဖြင့် အောင်မြင်ကျော်ကြားလာခဲ့ပြီး ယခုအချိန်တွင် ရုပ်ရှင်ဇာတ်ကားကြီးများကိုပါ ရိုက်ကူးအောင်မြင်နေတဲ့သူတစ်ယောက်ပါ။ ထာဝရ မန္တလေး ၊ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲများဖြင့် ပရိသတ်အားပေးမှု အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။အောင်မင်းခန့်ကတော့ သူရဲ့ နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် အမြဲဖော်ပြလေ့ရှိသူလည်းဖြစ်ပါတယ်။
![ Photo Credit : Aung Min Khant Facebook Account](https://s9.kh1.co/__image/w=540,h=960,q=100/cd/cd76d36371032f76c390d57fee64db6667f7a2dd.jpeg)
![ Photo Credit : Aung Min Khant Facebook Account](https://s9.kh1.co/__image/w=650,h=796,q=100/4b/4b11af5b14ab9ddc6e4ac53d6502cacbe4adec45.jpeg)
လတ်တလောမှာတော့ နောက်ဆုံးပေါ် iphone 12 ကြီးကို suprise gift ရရှိခဲ့တာကြောင့် သူကိုယ်တိုင်တောင် လုံးဝအံ့ဩခဲ့ရကြောင်းကို "Shock surprise gift ကြီးဗျာ deli ရောက်လာတော့ ကိုတောင်ကြောင်သွားတယ်
ကျနော် အပေါ်မှာ ခုလိုစေတနာရှိတာ တကယ်တန်ဖိုးထားပါတယ် ဘယ်သူမှန်းမသိပေမဲ့ တကယ်ကျေးဇူးတင်ပါတယ်ဗျာ ပျော်ရွှင်မှူတွေထပ်တူရပါစေ ဗျာ" ဆိုတဲ့စာလေးနဲ့အတူ ပုံလေးကိုဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။
![ Photo Credit : Aung Min Khant Facebook Account](https://s9.kh1.co/__image/w=650,h=796,q=100/76/76baeae801ab08624b8351a6825c5c9ac47fd596.jpeg)
![ Photo Credit : Aung Min Khant Facebook Account](https://s9.kh1.co/__image/w=650,h=743,q=100/0c/0c15e3150154ab3ae29d96ec632e20936749f2cf.jpeg)
Source & Photo Credit : Aung Min Khant Facebook Account