ပရိသတ်ကြီးရေ.....ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ အိအိတုန်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည် အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အိအိတုန်ဟာ အနုပညာလှုပ်ရှားမှုနည်းသွားကာ online shoppingလုပ်နေတာဖြစ်ပြီး စီးပွားရေးဘက်ကိုအာရုံစိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်နော်။


အိအိတုန်ဟာ အနုပညာလှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေကသူမကို အချစ်မလျော့ပဲချစ်ခင်အားပေးနေကြတာပါ။ အခုဆိုရင်လည်း အိတုန်ဟာ ကြည်နူးချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေးတစ်ယောက်အပြင် ဒုတိယမြောက်သမီးငယ်လေးကိုပါ မကြာခင်ရက်ပိုင်းအတွင်းက မွေးဖွားခဲ့တာဖြစ်ပြီး ပင်လုံဆေးရုံမှာ ဗိုက်ခွဲမွေးခဲ့တာဖြစ်ပါတယ်နော်....။


အိတုန်ရဲ့ခင်ပွန်းဖြစ်သူဟာလည်း အိမ်ထောင်ဦးစီးကောင်းတစ်ဦးပီသတဲ့သူဖြစ်တဲ့အပြင် ဇနီးအပေါ်မှာလည်း လိုလေသေးမရှိဂရုစိုက်ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းတစ်ဦးပါနော်။ အိတုန်ရဲ့ခင်ပွန်းဖြစ်သူဟာ ဇနီးချောလေး ကိုယ်၀န်ဆောင်နေစဉ်မှာရော ဆေးရုံမှာမွေးဖွားတဲ့အချိန်မှာပါ လိုလေသေးမရှိဂရုစိုက်ပေးရင် မကြာသေးမီကလည်း အိတုန်ဟာသူမရဲ့ Facebook accလေးမှာ Liveလေးလွှင့်ကာ စကားပြောခဲ့တာဖြစ်ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်း အရင်းအမြစ်៖ Ei Tone's Facebook acc





