မေမေ ရွေးချယ်ပေးထားတဲ့ ပန်းရောင်ဖက်ရှင်လေးနဲ့ လိုက်ဖက်နေပြီး မော်ဒယ်လ်ပေါက်စလေးလို အထာကျနေတဲ့ Scarlett လေးရဲ့ ဗီဒီယို

//s9.kh1.co/3a/3a4ede2d3d1b8d4bc55b076fcf3163a4aa78dabf.jpg
အနုပညာရှင်များ

 ၀၄-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၅ နှစ် က

.

အဆိုတော် အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ကတော့ အများကအားကျရတဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အာဘွိုင်းတို့ဇနီးမောင်နှံက လက်ထပ်ပြီးနောက်ပိုင်းမှာ သမီးချောလေးတစ်ယောက် ထွန်းကားခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အစစအရာရာ ပြီးပြည့်စုံနေတဲ့ အာဘွိုင်းတို့မိသားစုလေးက မြင်ရသူတိုင်းအဖို့ စိတ်ချမ်းသာစရာကောင်းပြီး ကြည်နူးစေတာ ဖြစ်ပါတယ် ။

Photo credit - Myat Yadanar Kyaw's Facebook account 
Photo credit - Myat Yadanar Kyaw's Facebook account 

အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့စုံတွဲက အရမ်းလိုက်ဖက်သလို နှစ်ယောက်လုံးကလည်း အရမ်းကိုချောနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် သူတို့နှစ်ယောက်မွေးဖွားထားတဲ့ သမီးလေးက အရုပ်မလေးပမာ ချစ်စဖွယ်ကောင်းနေတာပဲ ဖြစ်ပါတယ် ။ Scarlett လို့အမည်ပေးထားတဲ့ အာဘွိုင်းတို့ရဲ့သမီးလေးက အခုဆိုရင် အသက်(၂)နှစ်ကျော်အရွယ်ရှိပြီး အရမ်းဥာဏ်ကောင်းသူလေး ဖြစ်ပါတယ် ။

Photo credit - Myat Yadanar Kyaw's Facebook account 
Photo credit - Myat Yadanar Kyaw's Facebook account 
Photo credit - Myat Yadanar Kyaw's Facebook account 
Photo credit - Myat Yadanar Kyaw's Facebook account 

တစ်နေ့တစ်မျိုး မရိုးရတဲ့ ဖက်ရှင်အလန်းလေးတွေကို သမီးလေးကို ဆင်လေ့ရှိပြီး ယနေ့မှာလည်း ပန်းရောင်ဝတ်စုံလေးနဲ့ လှနေပြန်ပါတယ်။ သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်ထက်မှာ ဝေမျှလေ့ရှိတဲ့ မြတ်ရတနာကျော်က ယနေ့မှာလည်း ဗီဒီယိုတစ်ခု မျှဝေလာတာပါ။ ဆော့ကစားတွေကို အာရုံစူးစိုက်ပြီး အလုပ်ရှုပ်နေတဲ့ သမီးလေးရဲ့ ပုံစံလေးက အသည်းယားစရာကောင်းလွန်းနေတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.....။

Photo credit - Myat Yadanar Kyaw's Facebook account 
Photo credit - Myat Yadanar Kyaw's Facebook account 
Photo credit - Myat Yadanar Kyaw's Facebook account 
Photo credit - Myat Yadanar Kyaw's Facebook account 

သတင်း အရင်းအမြစ် Photo credit - Myat Yadanar Kyaw's Facebook account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T