ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေ ချစ်မဝ ဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီရွှေကြိုတွင် ပါဝင်ခဲ့ရာမှတစ်ဆင့် အနုပညာလောကထဲကို ရောက်ရှိလာပြီး အချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိလာသူလေးပဲ ဖြစ်ပါတယ်။ သဲဟာ မိတ်ကပ်မလိမ်းထားဘဲနဲ့တောင် မျက်နှာလေးက နုဖတ်ပြီး ချစ်စရာကောင်းနေသူလေးပါ။



သူမရဲ့ အသားအရေလေးကလည်း ဖြူဖွေးဝင်းဥလွန်းနေတာကြောင့် မိန်းကလေးချင်းတောင် အားကျငေးမောနေရသူလေးပါ။ သဲဟာ အားလပ်ချိန်တိုင်း ချစ်ရတဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့ အမြွှာညီအစ်ကိုနှစ်ယောက်နဲ့ အပျော်ဂိမ်းလေးတွေ ဆော့လေ့ရှိတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း သဇင်ထူးမြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု ဝေမျှထားတာပဲ ဖြစ်ပါတယ်။



ဒါကတော့ ဆော့သမျှဂိမ်းတိုင်းအရှုံးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် မျက်နှာကိုခရင်မ်တွေနဲ့အသုတ်ခံလိုက်ရတဲ့ သဇင်ထူးမြင့်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သဲကလည်း " Tiktok မှာ trend ဖြစ်နေတဲ့challenge လေးကို
ဆော့ကြည့်ထားတာ " ဆိုပြီး ရေးထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thazin Htoo Myint’s Facebook and Twin Guys II It’s my Lifestyle’s Facebook page
@minkhantko1 TikTok Trend Challenge
♬ original sound - Min Khant Ko
@minkhantko1 TikTok Trend Challenge
♬ original sound - Min Khant Ko